သောကြာနေ့နံနက်ပိုင်းတွင် ကမ္ဘာ့စံညွှန်းရေနံအမျိုးအစားများ၏ ဈေးနှုန်းများအနည်းငယ်မြင့်တက်လာခဲ့သည်။ ယင်းမြင့်တက်မှုသည် ယခင်နေ့က သိသိသာသာကျဆင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်း စျေးကွက်အရောင်းအဝယ်အချက်အလက်များက ဖော်ပြသည်။
မော်စကိုစံတော်ချိန် နံနက် ၈:၁၃ အချိန်တွင် Brent Crude Oil ရေနံ၏ ဩဂုတ်လအတွက် အနာဂတ်စာချုပ်(Futures)များသည် ICE Futures Europe တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၀.၃၉ (၀.၄%) မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၉၅.၄၂ သို့ရောက်ရှိခဲ့သည်။
သို့သော် ကြာသပတေးနေ့တွင် Brent ရေနံဈေးသည် အမေရိကန်ဒေါ်လာ ၂.၇၈(၂.၈၄%) ကျဆင်းခဲ့ပြီး တစ်စည်လျှင် $95.03 အထိလျော့ကျခဲ့သည်။
တစ်ဖက်တွင် West Texas Intermediate(WTI)ရေနံ၏ ဇူလိုင်လအတွက် အနာဂတ်စာချုပ်များသည် New York Mercantile Exchange (NYMEX)၏အီလက်ထရွန်နစ်အရောင်းအဝယ်စျေးကွက်တွင် အမေရိကန်ဒေါ်လာ ၀.၀၆ (၀.၀၆%)မြင့်တက်ကာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၉၃.၁၀ သို့ ရောက်ရှိခဲ့သည်။
ယခင်အရောင်းအဝယ်ကာလတွင် WTI စာချုပ်ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၂.၉၈(၃.၁%)ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၃.၀၄ အထိလျော့ကျခဲ့သည်။
Source: https://tass.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)