International News

တောင်ကိုရီးယား၏ သစ်သီးတင်ပို့မှုစံချိန်တင်မြင့်တက်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ လတ်ဆတ်သစ်သီးတင်ပို့မှုသည် ၂၀၂၆ ခုနှစ်၊ ပထမငါးလအတွင်း စံချိန်တင်တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ Korea Customs Service ၏ စာရင်းများအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ သစ်သီးတင်ပို့မှုပမာဏမှာ ၁၁,၄၉၉ တန်ရှိခဲ့ပြီး၊ ယခင်နှစ် အလား တူကာလ ဖြစ်သော ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိနှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၃၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ထို့ပြင် တင်ပို့မှုတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၉၄.၀၃ သန်းရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလထက် ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရပါသည်။

သစ်သီးအမျိုးအစားအလိုက် စတော်ဘယ်ရီသည် အများဆုံးတင်ပို့ရသည့် သစ်သီးဖြစ်ပြီး တင်ပို့မှုပမာဏ ၄,၇၃၃ တန်ဖြင့် ယခင်နှစ်ထက် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၀.၃၃ သန်းရှိခဲ့ကြောင်း၊ စပျစ်သီးတင်ပို့မှုပမာဏမှာ ၆၁ ရာခိုင်နှုန်းတိုးတက် ခဲ့ပြီး သစ်တော်သီးတင်ပို့မှုပမာဏမှာ ၁၀၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်းသိရပါသည်။ အဆိုပါသစ်သီးများကို အဓိကအားဖြင့် စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဟောင်ကောင် ဈေးကွက်များသို့ တင်ပို့လျက်ရှိပြီး K-Culture နှင့် K-Food ၏နိုင်ငံ တကာကျော်ကြားမှုကြောင့် ကိုရီးယားသစ်သီးများအပေါ် ဝယ်လိုအားဆက်လက်မြင့်တက်နေကြောင်း သုံးသပ်ထားသည်ကို လေ့လာတွေ့ရှိ ရပါသည်။

ကိုရီးယား၏သစ်သီးတင်ပို့မှုတိုးတက်လာခြင်းသည် အရည်အသွေးမြင့်ထုတ်လုပ်မှု၊ တင်းကျပ်သောအရည်အသွေးထိန်းချုပ်မှုနှင့် အမှတ်တံဆိပ်မြှင့်တင်ရေးတို့၏ အကျိုးရလဒ်ဖြစ်ပါသည်။

သတင်းရင်းမြစ်။ https://www.koreaherald.com/article/10810618 

(ဝင်းပပသူ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)     

Category: International News