International News

ထိုင်းနိုင်ငံရှိ စွမ်းအင်ရောင်းချသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော Bangchak သည် ကမ္ဘောဒီးယားသို့ လောင်စာဆီတင်ပို့မှုစွပ်စွဲချက်ကို ငြင်းဆိုထား

Last Updated:

ထိုင်းနိုင်ငံရှိ ရေနံချက်လုပ်ရောင်းချသူ Bangchak Corp Plc သည် ကမ္ဘောဒီးယားတွင် စက်သုံးဆီထွက်ကုန်များနှင့်ပတ်သက်သည့်လုပ်ငန်း လည်ပတ်မှုမရှိကြောင်း အတည်ပြုထားပြီး လောင်စာဆီကို ကုန်းလမ်း သို့မဟုတ် ရေကြောင်းဖြင့်သော်လည်းကောင်း တင်ပို့ခဲ့ခြင်းမရှိကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Bangchak denies fuel exports to Cambodia” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ကုမ္ပဏီက အိမ်နီးချင်းနိုင်ငံများသို့ စက်သုံးဆီပို့ဆောင်မှုမှာ ဝယ်ယူမှုအမှာစာများနှင့်အညီ တိကျစွာပြည့်စုံပြီး တရားဝင်သော ကုန်သွယ်လုပ်ငန်းခွန်ဆိုင်ရာ စာရွက်စာတမ်းများကို တိကျရှင်းလင်းစွာ သတ်မှတ်ထားသည့်နောက်ဆုံးနေရာသို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ထိုသို့သော အရောင်းအ၀ယ်များသည် လိုင်စင်လိုအပ်ချက်များနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို တင်းတင်းကျပ်ကျပ်လိုက်နာရန် လောင်စာဆီတင်သွင်းမှု၊ ပို့ကုန်နှင့်ဖြတ်သန်းသယ်ယူပို့ဆောင်ရေးတို့ကို လိုအပ်သည့် တင်သွင်းသည့်နိုင်ငံများရှိ သက်ဆိုင်ရာအာဏာပိုင်များက ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီပြီး တတိယနိုင်ငံသို့ ဆက် လက်တင်ပို့ခြင်းကို တားမြစ်ထားပါကြောင်း၊ Bang-chak သည် နိုင်ငံ တော်လုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးအတွက် ဦးစားပေးအဖြစ် ထားရှိခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား နောက်ဆုံးဖြစ်ပွားခဲ့သော ရန်စမှုများဖြစ်ပွားပြီးနောက် ဇွန်လအတွင်းက ကမ္ဘောဒီးယားသို့ လောင်စာဆီတင်ပို့မှုတားမြစ်ချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲပြောဆိုသည့် မီဒီယာများနှင့် ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့သော သတင်းများကြောင့် စွမ်းအင်လုပ်ငန်းစုကြီးက ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ PTT Group ကလည်း ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News