International News

တရုတ်နိုင်ငံ၏ ပင်လယ်ဆိပ်ကမ်း ဝေဟိုင်မြို့၌ ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်

Last Updated:

တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်၏ကမ်းရိုးတန်းမြို့ဖြစ်သော ဝေဟိုင်မြို့သည် နိုင်ငံခြားကုမ္ပဏီများအတွက် သက်တမ်းတစ်လျှောက်လုံးဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားဆိုင်ရာအစိုးရ ဝန်ဆောင်မှုများတွင် ပေါင်းစပ်ပြုပြင်ပြောင်းလဲမှုများ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် smart ဆိပ်ကမ်းများအဆင့်မြှင့်တင်ခြင်းတို့ဖြင့် ဆွဲဆောင်မှုရှိသော ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

ကူးသန်းရောင်းဝယ်ရေးဗျူရိုသည် နိုင်ငံခြားငွေကြေးမြှုပ်နှံထားသည့်လုပ်ငန်းများ ၏စီးပွားရေးဆောင်ရွက်ချက်များကို ခြေရာခံနိုင်ရန် ပုံမှန်စောင့်ကြည့်သုံးသပ်ခြင်းနှင့်ခွဲခြမ်းစိတ်ဖြာခြင်းများဆောင်ရွက်သည်။ ရှန်းတုန်းပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတည်ငြိမ်စေရေး ဝန်ဆောင်မှုပလက်ဖောင်းကို အသုံးချခြင်းဖြင့် မြို့တော်သည် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကြုံတွေ့ရသည့်ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြေရှင်းနိုင်ပြီး ထိရောက်စွာဖြေရှင်းပေးလျက် ရှိသည်။

ဝေဟိုင်မြို့သည် နိုင်ငံခြားငွေကြေးမြှုပ်နှံထားသော လုပ်ငန်းများအားလုံးကို လွှမ်းခြုံသည့် ဌာနပေါင်းစုံပူးပေါင်းကြီးကြပ်ရေးနှင့် ဝန်ဆောင်မှုယန္တရားကို တည်ထောင်ထားပြီး စီးပွားရေးမှတ်ပုံတင်ခြင်း၊ သတင်းအချက်အလက်အချိန်နှင့်တစ်ပြေးညီ သိရှိအောင်ဆောင်ရွက်ပေးခြင်းမှသည် နိုင်ငံခြားငွေလွှဲပြောင်းခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များအထိ ညှိနှိုင်းပံ့ပိုးမှုများဆောင်ရွက်ပေးသည်။

ဝေဟိုင်မြို့သည် အဆိုပါဝန်ဆောင်မှုယန္တရားမှ အလုပ်လုပ်ကိုင်သော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် အစိုးရအုပ်ချုပ်ရေးဝန်ဆောင်မှုများတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်မိတ်ဆက်ပေးလျက်ရှိပြီး သက်ဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုနှင့်အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်လာစေကာ ဆွဲဆောင်မှုအညွှန်းကိန်းအရ တရုတ်နိုင်ငံ၏ ထိပ်တန်းမြို့ ၁၀ မြို့ တွင်ပါဝင်စေသည်။

၂၀၂၅ ခုနှစ်တွင် ဝေဟိုင်မြို့သည် မြို့တွင်းအလုပ်လုပ်ကိုင်သော နိုင်ငံခြားသားများအတွက် နိုင်ငံခြားသားများ၏ အလုပ်ခွင့်ပါမစ်၊ နေထိုင်ခွင့်ပါမစ်၊ လူမှုဖူလုံရေးအာမခံမှတ်ပုံတင်ခြင်း၊ ပညာရေးအဆင့်သတ်မှတ်ချက်အကဲဖြတ်ခြင်းနှင့် အီလက်ထရွန်းနစ်လူမှုဖူလုံရေးကတ်ပြားမှတ်ပုံတင်ခြင်း ဟူသောလုပ်ထုံးလုပ်နည်းငါးခုကို ပေါင်းစပ်ထားသည့်တစ်နေရာတည်းဝန်ဆောင်မှုပြတင်းပေါက်ကို ရှေ့ပြေးစမ်းသပ် အကောင်အထည်ဖော်ရာတွင် ဦးဆောင်ခဲ့သည်။

ဝေဟိုင်မြို့၏ဆိပ်ကမ်းသည် smart ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်ဆောင်ရွက်ခြင်းကြောင့် ရှန်းတုန်းပြည်နယ်ရှိ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် အကောက်ခွန်ရှင်းလင်းရေးထိရောက်မှုအဆင့် ပထမနေရာတွင် ရပ်တည်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်မှု"တစ်ခုတည်းသောပြတင်းပေါက်"၏ လွှမ်းခြုံမှုကို ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် အခြားကဏ္ဍများသို့ ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

Source: https://finance.yahoo.com/small-business/articles/xinhua-silk-road-chinas-coastal-083600806.html?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS5oay8&guce_referrer_sig=AQAAADnIOL35XfwY7o4t-PcPlxWxcVY2GbXJKSz558JbLU9cggjE-veoDkil2SnJc_S7JibTaFfKS7FDrNszlWU3cYiRzX8p6fVICWAbEtIMKOB5t5mKNeMuF5TXBuWX3ZfcDB

(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News