ထိုင်းနှင့် ဘူတန်တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသဘောတူစာချုပ်ပါ အခွန်ကင်းလွတ်ခွင့်များကြောင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား အပြန်အလှန်အကျိုးကျေးဇူးရရှိမည်ဖြစ် ကြောင်း၊ ထိုင်းနှင့် နိုင်ငံအများအပြားအကြား ကုန်သွယ်ရေးသဘောတူစာချုပ် ၁၇ ခုထိရှိပြီဖြစ်ကြောင်း၊ ယင်းစာချုပ်သည် ဘင်္ဂဘားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် မော်ဒိုက်တို့ပါဝင်သည့် တောင်အာရှလွတ်လပ်သော ကုန်သွယ်ရေးဧရိယာ(South Asian Free Trade Area–Safa)အလွန်စီးပွားရေးဆက်သွယ်မှုကို တိုးချဲ့မည့်တောင်အာရှပြင်ပ ဘူတန်၏ပထမဆုံးလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ဘတ် ၄၆၀ သန်းကျော်ထိရောက်ရှိခဲ့ပြီး ထိုင်း၏ ပို့ကုန်သည် ဘတ် ၄၅၇ သန်းနှင့် သွင်းကုန်သည် ဘတ် ၃.၄၇ သန်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်များမှာ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ဂျုံထုတ်ကုန်များ၊ ပြုပြင်ပြီးအစားအစာ၊ မိုက်ခရိုဝေ့ဗ်မီးဖိုများ၊ အဖျော် ယမကာများနှင့် ပြုပြင်ပြီးနှင့် သစ်သီးစည်သွပ်ဗူးများဖြစ်ကြောင်း၊ ဘူတန်၏ အဓိကပို့ကုန်များမှာ ဟင်းသီးဟင်းရွက်များ၊ သစ်သီး၊ လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ကားအစိတ်အပိုင်းများ၊ ကျွန်းသစ်၊ သစ်နှင့် သစ်သားထုတ်ကုန်များ၊ သတ္တုရေ၊ အချိုရည်နှင့် အရက် စသည့်အဖျော်ယမကာများဖြစ်ကြောင်း သိရှိရပါ သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)