International News

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဆန်တစ်ကီလို ပီဆို-၂၀ အစီအစဉ်အား ၂၀၂၈ ခုနှစ်ထိ ဆက်လက်သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာ၏ လမ်းညွှန်ချက်နှင့်အညီ ဆန်တစ်ကီလိုလျှင် ပီဆို-၂၀ ဖြင့် ဈေးကွက်တွင်း ရောင်းချပေးနေသည့်အစီအစဉ်အား ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ၁၉-၅-၂၀၂၅ ရက်နေ့က သမ္မတနန်းတော်တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

အစိုးရမှ ဆန်ထောက်ပံ့ပေးသည့်အစီအစဉ်တစ်ခုဖြစ်သော Benteng Bigas Meron (BBM)သည် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ပြည်နယ်/တိုင်းအစိုးရများအာဏာပိုင်အဖွဲ့အစည်းများကြား ပူးတွဲ၍ ရန်ပုံငွေထူထောင်ထားခြင်းဖြစ်ပါသည်။ လက်တလောတွင် အဆိုပါအစီအစဉ်အား မက်ထရိုမနီလာနှင့် လူဇွန်ဧရိယာတို့တွင် စတင်အကောင်အထည်ဖော်လျက်ရှိပြီး အခြားသောဧရိယာများသို့ တိုးချဲ့သွားရန် ဆောင်ရွက်နေဆဲဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ မေလမှ စတင်ကြေညာဆောင်ရွက်ခဲ့သည့် BBM Program သည် လိုအပ်ချက်များပြီး ထိခိုက်လွယ်သောဧရိယာများအတွက် ရည်ရွယ်ပြီး အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)၏ သက်တမ်းရင့်ဆန်လက်ကျန်များကို စီမံခန့်ခွဲသွားမည့်အစီအစဉ်တစ်ခုလည်းဖြစ်ပါသည်။Kadiwa Program ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ BBM Program အား ပိုမို ကောင်းမွန်သည့်အစီအစဉ်တစ်ရပ်ဖြစ်စေမည်မှာ ပိုမိုသေချာပါကြောင်း၊ဆန်ရောင်း ချပေးမည့်ဆိုင်ခန်းများအနေဖြင့် နွေရာသီကာလအပူချိန်မြင့်မားသည့်အချိန်တွင်း လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အမိုးအကာများဆောင်ရွက်ပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ဆန်သက်သာဆိုင်များတွင် ဝယ်ယူသူများပြားသည့်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရသည့် အခက်အခဲများရှိနေသေးသော်လည်း အများပြည်သူနှစ်သက်သဘောကျသည့် အစီ အစဉ်တစ်ရပ်ဖြစ်ပါကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားထားပါသည်။

Visayas နှင့် Mindoro ဒေသများတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အဆင့် (၃) ဆင့် Three-Phase ဖြင့် ၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးထိ လွှမ်းခြုံရောင်းချနိုင်ရေး ရည်မှန်းဆောင်ရွက်ခဲ့ကြပါသည်။ Phase 2 အနေဖြင့် ဂျူလိုင်လအတွင်း ဆင်းရဲနွမ်းပါးမှုမြင့်မားသောဒေသများဖြစ်သည့် Mindanao နှင့် Bicol ဒေသများတွင် ရောင်းချပေးရန်စီစဉ်ထားပြီး Phase 3 အနေဖြင့် Sultan Kudarat, Catanduanes နှင့် အခြားသောပြည်နယ်များတွင် ဆက်လက်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။ လာမည့် ဇွန်လထဲတွင် ဆန်တစ်ကီလိုလျှင် ပီဆို-၂၀ ဖြင့် ရောင်းချပေးမည့် သက်သာဆန်ဆိုင်အနည်းဆုံး ၅၅ ဆိုင်ထိဖွင့်နိုင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနသည် လူဇွန်ဒေသရှိ ဆန်ကုန်သည်အချို့အား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရှိသည်ဟုသိရှိရပြီး တောင်သူများထံမှ မမျှတသောဈေးနှုန်းဖြစ်သည့် တစ်ကီလိုလျှင် ၁၃ ပီဆိုနှင့်၁၅ ပီဆိုကြားဈေးနှုန်းတို့ဖြင့် ဝယ်ယူလျက်ရှိသောကြောင့်ဟုဖော်ပြထားပါသည်။အခြားသောဧရိယာ ၃၂ ခုတို့တွင်လည်း လေ့လာစောင့်ကြည့်လျက်ရှိပါကြောင်းနှင့် ဈေးနှိမ်ဝယ်ယူခြင်းများရှိပါက လိုအပ်သည့်စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)  

Category: International News