International News

ယူအေအီးနိုင်ငံ၏ စွမ်းအင်ထွန်းသစ်စလုပ်ငန်းစုများသည် ၂၀၂၄ နှစ် ပထမနှစ်ဝက်အတွင်း ဘဏ္ဍာငွေပမာဏ AED ၁၁၀ သန်းကျော်ရောက်ရှိခဲကြောင်း IEA အစီရင်ခံစာတွင်ဖော်ပြပါရှိ

Last Updated:

ယူအေအီးနိုင်ငံအခြေစိုက်စွမ်းအင်ကဏ္ဍတွင် လုပ်ငန်းလည်ပတ်နေသော ထွန်းသစ်စလုပ်ငန်းစုများ(Startups) အတွက် လုပ်ငန်းဘဏ္ဍာငွေပမာဏစုစုပေါင်းသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အကုန်တွင် AED ၁၁၀.၂ သန်းကျော်အထိရောက်ရှိခဲ့ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)၏ ထွန်းသစ်စစွမ်းအင်လုပ်ငန်းစုများအတွက် ကနဦးဘဏ္ဍာငွေဆိုင်ရာ အချက်အလက်များတွင် ဖော်ပြပါရှိပါသည်။

အဆိုပါအစီရင်ခံစာတွင် စွမ်းအင်သိုလှောင်မှုနှင့် ဘက်ထရီလုပ်ငန်းများတွင် လုပ်ငန်းလုပ်ကိုင်ကြသည့်ထွန်းသစ်စ လုပ်ငန်းစုများသည် စုစုပေါင်းဘဏ္ဍာငွေ၏ ၃၃.၃ % ခန့်ပံ့ပိုးမှုဖြင့် ဖွဲ့စည်းထားရှိပြီး ၎င်းနောက်တွင် နေရောင်ခြည်စွမ်းအင် ၂၅ %၊ လေအားစွမ်းအင် ၈.၃ % နှင့် အခြားပြန်လည်ပြည့်ဖြိုးမြဲနှင့် သန့်ရှင်းသောစွမ်းအင်များကို ကျန် ၃၃.၃ % ပံ့ပိုးမှုတို့ဖြင့် စုပေါင်းဖွဲ့စည်းထားပါသည်။

ယူအေအီးနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းစုကုမ္ပဏီစုစုပေါင်းအရေ အတွက်သည် ၂၀၂၃ ခုနှစ်ကုန်တွင် ၅၄ ခုနီးပါးသို့ရောက်ရှိခဲ့ပါသည်။ အဆိုပါလုပ်ငန်းစုကုမ္ပဏီများကို စွမ်းအင် သိုလှောင်မှုနှင့်ဘက်ထရီနယ်ပယ်ကဏ္ဍတွင် ၁၂ ခု ပိုင်းခြားထားပြီး စွမ်းအင်ထိရောက်မှုကဏ္ဍတွင် ၉ ခု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ၂၁ ခု နှင့် အခြားသောစွမ်းအင်ဆိုင်ရာ ကဏ္ဍများတွင် ၁၂ ခုတို့အသီးသီးရှိကြကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News