ရုရှားနိုင်ငံသည် ဘရာဇီးနိုင်ငံနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်အသင့်ရှိနေပြီး၊ ထိုအထဲတွင် ဘရာဇီးမှ ကော်ဖီနှင့် သစ်သီးများတင်သွင်းမှုကို တိုးမြှင့်ခြင်းလည်း ပါဝင်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မက်ဆင် ရီရှက်တနီကိုဗ် (Maxim Reshetnikov) က ပြောကြားခဲ့သည်။
ရုရှား-ဘရာဇီး ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစိုးရအချင်းချင်းကော်မရှင်၏ အထွေထွေအစည်း အဝေးတွင် ၎င်းက အောက်ပါအတိုင်းပြောကြားခဲ့သည်-
"ကျွန်ုပ်တို့သည် စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အသင့်ရှိပါသည်။ ယင်းတွင် ရုရှားတွင် လူကြိုက်များသော ကော်ဖီ၊ အပူပိုင်းဒေသသစ်သီးများနှင့် အသားများတင်သွင်းမှုကိုတိုးမြှင့်ခြင်းအပြင် အပင်မျိုးပွားရေး၊ မျိုးစေ့ထုတ်လုပ် ရေးနှင့် စိုက်ပျိုးရေးပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတက်ကြွစွာဆောင်ရွက်သွားရန် လည်းပါဝင်ပါသည်။"
ထို့အပြင် ရုရှားနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးထုတ်လုပ်ရေးကဏ္ဍများတွင် လည်း ဘရာဇီးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖွင့်လှစ်ထားကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်-
"ဤကဏ္ဍတွင် အရေးကြီးသည့်အချက်တစ်ခုမှာ ဆေးဝါးမှတ်ပုံတင်ခြင်းဖြစ်သည်။ ဘရာဇီးအမျိုးသားကျန်းမာရေးစောင့်ကြည့်ထိန်းသိမ်းရေးအေဂျင်စီနှင့် နီးကပ်သောဆွေးနွေးမှုများပြုလုပ်နိုင်ရန်မျှော်လင့်ပါ သည်။"
Bottom of Form
Source: https://kpl.gov.la
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)