International News

ဗီယက်နမ်နိုင်ငံသည် ၂ လအတွင်း ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၅၈ ဘီလီယံရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၂ လအတွင်း ကော်ဖီတန်ချိန် ၂၈၄,၀၀၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၅၈ ဘီလီယံရရှိခဲ့ကြောင်း စိုက်ပျိုး ရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အချက်အလက်ကို ကိုးကား၍ အစိုးရသတင်းတွင် ဖော်ပြခဲ့ပါသည်။

အဆိုပါကိန်းဂဏန်းများသည် ပမာဏအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၂၈.၄ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း တန်ဖိုးအားဖြင့် ၂၆.၂ ရာခိုင်နှုန်းတိုးလာကြောင်း၊ဖေဖော်ဝါရီလ ၁ လ တည်းတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် ကော်ဖီတန်ချိန် ၁၅၀,၀၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၅၄.၂ သန်းရရှိခဲ့ကြောင်းဖော်ပြထားပါသည်။

၂ လအတွင်း ပျမ်းမျှကော်ဖီတင်ပို့မှုဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၇၄.၅ သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇၆.၃ ရာခိုင် နှုန်းမြင့်တက်လာခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၉၆ ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။         

ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံတို့သည် ဗီယက်နမ်ကော်ဖီကို အများဆုံးတင်သွင်းသည့် နိုင်ငံ ၃ နိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၁၆.၆ ရာခိုင်နှုန်း၊ ၉.၄ ရာခိုင်နှုန်းနှင့် ၈.၂ ရာခိုင်နှုန်းအသီးသီးရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News