International News

ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုပမာဏ၏ ထက်ဝက်ကျော်သည် နိုင်ငံသုံးငွေကြေးများဖြင့် ငွေပေးချေလျက်ရှိ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင်က ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရုရှားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုပမာဏ၏ ၆၀ ရာခိုင်နှုန်းနီးပါးကို နိုင်ငံသုံးငွေကြေးများဖြစ်သည့် ရူဘယ်နှင့် ဗီယက်နမ်ဒေါင်ငွေဖြင့်  ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ကျယ်ကျယ်ပြန့်ပြန့်အသိ အမှတ်ပြုထားသည့် ငွေကြေးများအသုံးပြုမှုကို တစ်ဖြည်းဖြည်းဖယ်ရှားရန် ကမ္ဘာ့လမ်းကြောင်းနှင့်လိုက်လျောညီထွေဖြစ်စေကြောင်း ၎င်း၏ဗီယက်နမ်ခရီးစဉ်အတွင်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် ရုရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရုရှားဈေးကွက်တွင် ပိုမိုတက်ကြွစွာလုပ်ကိုင်လာကြရန်နှင့် လုပ်ငန်းများအတွက် ရုရှားဈေးကွက်က ပေးထားသည့်အခွင့်အလမ်းများကို ပိုမိုအသုံးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ မော်စကို၊ Kaluga ဒေသနှင့် အရှေ့ဖျားဒေသရှိ Primorye နယ်မြေတို့တွင် နို့ထုတ်လုပ်သည့်စက်ရုံများတည်ဆောက်နေသည့် ဗီယက်နမ်ကုမ္ပဏီ TH Group သည် ဥပမာတစ်ခုဖြစ်ကြောင်းလည်း သမ္မတမှ ပြောကြားခဲ့သည်။

ရုရှားနှင့် ဗီယက်နမ်ကြား နိုင်ငံသုံးငွေကြေးများဖြစ်သည့် ရုရှားရူဘယ်နှင့် ဗီယက်နမ်ဒေါင်များဖြင့် ငွေပေးချေမှုများတွင် ၂၀၂၃ ခုနှစ်၌ ကုန်သွယ်မှုပမာဏ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ၆၀ ရာခိုင်နှုန်းနီးပါးတိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source :    https://ria.ru/20240619/torgovlya-1954076288.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News