International News

အမေရိကန်သို့ ထိုင်းနိုင်ငံ၏ပို့ကုန်များ အလားအလာကောင်းမွန်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားခဲ့

Last Updated:

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ထိုင်းနိုင်ငံက ဆိုင်းငံ့လိုက်ပြီးနောက် အမေရိကန်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုတွင် အမေရိကန်က တင်းတင်းမာမာရှိလာမည်မဟုတ်ဘဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာမှုကို ဖြေလျှော့ရန် ပြည်တွင်းအခွန်များလျှော့ချရန် ပြည်တွင်းဖိအားများခံစားနေရကြောင်း စီးပွားရေးသမားများနှင့်စီးပွားရေးပညာရှင်များက ရှုမြင်သုံးသပ်လျက်ရှိသည်ကို ဗန်ကောက်ပို့စ်သတင်းစာတွင် “Thailand upbeat on exports to US” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်စားသုံးသူများအပေါ် စည်းကြပ်ခွန်မြင့်မားမှု၏ အကျိုးသက်ရောက်မှုများကို ရှောင်ရှားရန် နောက်ထပ်တင်သွင်းသည့်ပစ္စည်းများအပေါ် အခွန်လျှော့ချရန် မျှော်လင့်ထားကြောင်း၊  အမေရိကန်စားသုံးသူများကြားတွင် ကုန်ခြောက်စရိတ်ကြီးမြင့်မှုနှင့်ပတ်သက်၍ အဆင်မပြေမှုများကြီးထွားလာခဲ့သောကြောင့် စားသောက်ကုန်ထုတ်ကုန် ၂၀၀ ကျော်အပေါ် စည်းကြပ်ခွန်များကို မကြာသေးမီက ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း၊ ဥပမာအားဖြင့် ထရမ့်သည် ကော်ဖီ၊ ငှက်ပျောသီးနှင့် အမဲသားအပါအဝင် စားသောက်ကုန်ထုတ်ကုန်များစွာကို ၎င်း၏ကြီးကြီးမားမားအကောက်ခွန်မှ လွတ်ကင်းရန်ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်သည့်အတိုင်းအတာအထိ မထုတ်လုပ်နိုင်ဟု ထရမ့်အစိုးရက ပြောခဲ့ပါကြောင်း၊ အိမ်ဖြူတော်၏ ကင်းလွတ်ခွင့်များစာရင်းတွင် ပါဝင်သော ထုတ်ကုန်များသည် ထောပတ်သီးနှင့် ခရမ်းချဉ်သီးမှ အုန်းသီးနှင့် သရက်သီးအထိပါဝင်ကြောင်း Kasikorn Research Center(K-Research)၏ မန်နေးဂျင်းဒါရိုက်တာ Burin Adulwattana က ပြောကြားခဲ့သည်။

ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းအတွက် ထရမ့်၏စီမံခန့်ခွဲရေးဆိုင်ရာ ဖိအားများတိုးမြင့်လာနေချိန်တွင် အဆိုပါလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထရမ့်သည် ယခင်က လူနေမှုစရိတ်နှင့်ပတ်သက်၍ စိုးရိမ် မှုများကို လျှော့ချခဲ့သော်လည်း ယခင်အပတ်ရွေးကောက်ပွဲများတွင် ရီပတ်ဘလစ်ကန်ပါတီ၏ ညံ့ဖျင်းမှုရလဒ်များထွက်ပေါ်လာပြီးနောက် ယင်းကိစ္စကို အာရုံစိုက်ခဲ့သည်ဟု လေ့လာသူများက ဆိုထားကြောင်း၊ အမေရိကန်စားသုံးသူများ၏ နေထိုင်မှုစရိတ်သည် မြင့်တက်လာနေသောကြောင့် ထရမ့်သည် ကုန်ပစ္စည်းအများအပြားအပေါ် အခွန်လျှော့ချရန် အပူတပြင်းခံစားလျက်ရှိရာ ထိုင်းနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုတွင် ပိုမိုအပေးအယူမျှသည့် ရပ်တည်ချက်တစ်ခုရှိလာနိုင်မည်ဟု ယုံကြည်ပါ ကြောင်း Mr Burin က သုံးသပ်ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားအကြား ကြေညာချက်ကို ဆိုင်းငံ့ထားရန် ကြေညာခဲ့သည့်အပေါ် ထရမ့်သည် နယ်စပ်ပဋိပက္ခနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ချိတ်ဆက်သွားလိမ့်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် Anutin Charnvirakul က ပြောကြားခဲ့ပါကြောင်း၊ ထရမ့်၏နောက်ဆုံးပြောကြားချက်အရ  အမေရိကန်သမ္မတသည် နယ်စပ်ပဋိပက္ခနှင့် ကုန်သွယ် ရေးကို ခွဲထုတ်လိုကြောင်း မလေးရှားဝန်ကြီးချုပ်က ထိုင်းနိုင်ငံဝန်ကြီး ချုပ်ထံ တယ်လီဖုန်းဖြင့်ဆက်သွယ်၍ အပြုသဘောဆောင်သည့်လက္ခဏာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ သို့သော် အမေရိကန်အနေဖြင့် အလေးအနက်ထား၍ ဆောင်ရွက်ခြင်းရှိ-မရှိကို အနီးကပ်စောင့်ကြည့်ရန်လိုအပ်ပါကြောင်း၊အမေရိကန်သည် ထိုင်းနိုင်ငံ၏ အဓိကပြည်ပဈေးကွက်ဖြစ်သောကြောင့် ကုန်သွယ်ရေးနှင့် နယ်စပ်ပဋိပက္ခပြဿနာများကို ဂရုတစိုက်ကိုင်တွယ်ရန် အစိုးရအား တိုက်တွန်းလိုကြောင်း ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Tanit Sorat က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က အမေရိကန်သမ္မတနှင့် စကားပြောဆိုခဲ့ပြီး နိုင်ငံရေးမှ ခွဲထွက်ရန် သဘောတူထားသည့် မူဝါဒနှင့်အညီ တည်ဆဲအပြန်အလှန်ကုန်သွယ်မှုညှိနှိုင်းမှုမူဘောင်အောက်တွင် ထိုင်းနှင့် အမေရိကန်တို့ဆက်လက်ဆောင်ရွက်သွားမည်ကို အစိုးရမှ ထပ်မံအတည်ပြုကြောင်း၊ အမေရိကန်သံအမတ်ကြီးနှင့် စကားပြောခွင့်ရပါက ထိုင်းနိုင်ငံ၏နိုင်ငံရေးအခြေအနေကို မှန်ကန်စွာ နားလည်သဘောပေါက်လာစေရန်နှင့် စေ့စပ်ညှိနှိုင်းရေးတွင် ထိုင်းနိုင်ငံက ဆက်လက်ဆောင်ရွက်သွားရန် ကတိကဝတ်ပြုထားကြောင်း အမေရိကန်သို့ အသိပေးရန် ညွှန်ကြားထားပါကြောင်း  ဘဏ္ဍာရေးဝန်ကြီးက ညွှန်ကြားထားကြောင်း သိရသည်။

ထိုင်းနှင့် အမေရိကန်ကြား ကုန်သွယ်မှုညှိနှိုင်းမှုများကို ယခုနှစ်ကုန်တွင် အပြီးသတ်ရန် ရည်မှန်းထားပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးက အခိုင်အမာပြောဆိုခဲ့ကြောင်း၊ အဆိုပါညှိနှိုင်းဆွေးနွေးမှုသည် ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား အငြင်းပွားမှုနှင့်သီးခြားဖြစ်ပြီး အချိန်ဇယားအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းသဘောတူညီချက်သည် နိုင်ငံအတွက် အကောင်းဆုံးရလဒ်များထွက်ပေါ်လာမည်ဟု ပုဂ္ဂလိကကဏ္ဍက မျှော်လင့်လျက်ရှိပြီး နောက်ဆုံးရလဒ်ကို မြင်လိုစိတ်ပြင်းပြနေကြပါကြောင်း ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Poj Aramwat-tananont က ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News