International News

အမေရိကန်၏အခွန်သည် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုအပေါ် သက်‌ရောက်နိုင်ကြောင်း National Economic and Social Development Council(NESDC)က သတိပေးပြောကြားခဲ့

Last Updated:

ထိုင်းစီးပွားရေးသည် အမေရိကန်၏ အပြန်အလှန်အကောက်ခွန်မူဝါဒ၏ အကျိုးသက်ရောက်မှုကို ထိန်းထားရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ခန့်မှန်းထားသည့် ၂ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်းအထိနှေးကွေးမည်ဟု National Economic and Social Development Council(NESDC)၏ ထုတ်ပြန် ပြောကြားချက်ကို ဗန်ကောက်ပို့စ်သတင်းစာ၌ “Council warns of tariff impact on GDP growth” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

NESDC ၏စီးပွားရေးခန့်မှန်းချက်တွင် အခြေခံယူဆချက်မှာ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုပမာဏဖြစ်ပြီး အစောပိုင်းကာလများ၌ သိသိသာသာကျုံ့သွားဖွယ်ရှိကြောင်း၊  ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ၂.၇% သာတိုးလာမည်ဟု NESDC မှ သြဂုတ်လ ၁၈ ရက်နေ့တွင် ခန့်မှန်းထားသော်လည်း ၎င်း၏နောက်ဆုံးခန့်မှန်းချက်မှာ ကမ္ဘာ့စီးပွားရေးတိုးတက် မှုနှုန်း ၃.၄ % ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ယခုနှစ်ထက် နိမ့်ကျမည်ဟု ခန့်မှန်းထားပြီး၊ အဓိကအားဖြင့် အမေရိကန်၏ အခွန်စည်းကြပ်မှုသက်ရောက်မှုကြောင့် ကမ္ဘာ့ကုန်သွယ်မှုပမာဏအပေါ် ချိန်ဆရန် မျှော်လင့်ထားကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည် ၂၀၂၆ ခုနှစ်တွင် ၂.၃ % သာ တိုးတက်မည်ဟု ခန့်မှန်းထားပြီးကမ္ဘာလုံးဆိုင်ရာ GDP သည် ၂.၈ % တိုးတက်ရန်ခန့်မှန်းထားကြောင်း NESDC မှ အထွေထွေအတွင်းရေးမှူး Ms. Onfa Vejjajiva က ပြောကြားခဲ့ပါသည်။

အမေရိကန်အခွန်စည်းကြပ်မှု၏ သက်ရောက်မှုအပြင် ထိုင်းနိုင်ငံသည် ပုဂ္ဂလိကကဏ္ဍကြွေးမြီမြင့်မားမှု၊ကမ္ဘာ့စီးပွားရေးနှင့်ဘဏ္ဍာရေးစနစ်တွင် မတည်ငြိမ်မှုများ၊ လာမည့်ရွေးကောက်ပွဲမတိုင်မီနှင့် နိုင်ငံရေးအခြေ အနေများဝန်းကျင်ရှိ မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ အမေရိကန်သို့ ထိုင်းပို့ကုန်အများအပြားသည် ၁၉၆၂ ခုနှစ် အမေရိကန်ကုန်သွယ်မှုတိုးချဲ့မှုအက်ဥပဒေပုဒ်မ ၂၃၂ အရ အကျုံးဝင်သဖြင့် အထူးစည်းကြပ်ခွန်များကျခံရနိုင်ကြောင်း၊ အမေရိကန်သို့ ထိုင်းနိုင်ငံ၏ ပို့ကုန် ၈၂ ရာခိုင်နှုန်းသည် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ထက် ပိုများနေကြောင်း၊ တတိယသုံးလပတ်နှင့်ပတ်သက်၍ ထိုင်းစီးပွားရေးသည် တစ်နှစ်ထက်တစ်နှစ် ၁.၂ % တိုးလာပြီး ဒုတိယသုံးလပတ်တွင် စံချိန်တင်တိုးတက်မှု ၂.၈ % ထက် နည်းနေပါကြောင်း Ms. Onfa က ဖြည့်စွက်ပြောကြားခဲ့သည်။

ရာသီအလိုက် ပြုပြင်ပြောင်းလဲမှုအခြေခံသဘောတရားအရ စီးပွားရေးသည် ယခင်သုံးလပတ်ကာလထက် ၀.၆ % ကျုံ့သွားခဲ့ပြီး ယခုနှစ်ပထမ ၉ လအတွက် စီးပွားရေးသည် ၂.၄ % တိုးတက်ခဲ့ပြီး စတုတ္ထသုံးလပတ်တိုးတက်မှုမှာ ၁ % အောက်ကျဆင်းမည်ဟုခန့်မှန်းထားကြောင်း၊ တတိယသုံးလပတ်တွင် အနုတ်လက္ခဏာဆောင်သော လေးပုံတစ်ပုံတိုးတက်မှုနှုန်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ယင်းသုံးလပတ်အတွင်း နိုင်ငံရေးမသေချာမရေရာမှုများကြားတွင် စီးပွားရေးယုံကြည်မှု အားနည်းလာခြင်းကြောင့်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနှင့် တင်းမာမှုများအပါအဝင် ပြင်ပအချက်များ၏ သက်ရောက်မှုရှိခြင်းအပြင် ပြည်တွင်း၌ ပြုပြင်ထိန်းသိမ်းရန်အတွက် သန့်စင်စက်ရုံများပိတ်ခဲ့ခြင်းကြောင့် ထုတ်လုပ်မှုကဏ္ဍကို ထိခိုက်ခဲ့ကြောင်း၊ တတိယသုံးလပတ်တွင် အနုတ် လက္ခဏာဆောင်သောတိုးတက်မှုနှုန်းသည် လပတ် ၁၀ ခုအတွင်း အနိမ့်ဆုံးတိုးတက်မှုဖြစ်ကြောင်း၊ သို့သော်လည်း ပိုမိုပြည့်စုံသော အချက် အလက်ကို အကဲဖြတ်ရမည်ဖြစ်သောကြောင့် စီးပွားရေးသည် နည်းပညာဆိုင်ရာ ဆုတ်ယုတ်မှုသို့ ရောက်ရှိနေခြင်းရှိမရှိကို ဆုံးဖြတ်ရန် စောလွန်းနေသေးကြောင်း သူမက သုံးသပ်ထားပါသည်။

၀.၆ % သာတိုးနိုင်မည်ဟု မျှော်လင့်ထားသည့် စတုတ္ထသုံးလပတ် တိုးတက်မှုနှင့်ပတ်သက်၍ ခန့်မှန်းချက်သည် အစိုးရ၏တည်ဆဲလှုံ့ဆော်မှုဆိုင်ရာ သက်ရောက်မှုများတွင် သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း၊ သို့သော် “Thailand Fast Pass” အောက်တွင် ရင်းနှီးမြှုပ်နှံမှုမက်လုံးများကဲ့သို့သော အစိုးရမှ မိတ်ဆက်ပေးမည့် နောက်ထပ်အစီအမံအများအပြားကို ခန့်မှန်းချက်တွင် ထည့်သွင်းထားခြင်း မရှိသေးပါကြောင်း၊ တတိယသုံးလပတ်တွင် အမေရိကန်၏ အခွန်အကောက်အစီအမံများ၏ သက်ရောက်မှုမှာ ကနဦးမျှော်မှန်းထားသလောက် မပြင်းထန်ကြောင်း၊ ထွန်းသစ်စဈေးကွက်နိုင်ငံများကြားတွင် ပို့ကုန်တန်ဖိုးများ ဆက်လက်ကြီးထွားလာခဲ့ပြီး ပို့ကုန်စျေးနှုန်းညွှန်းကိန်းများသည် တည်ငြိမ်နေခဲ့ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့ကို စားသုံးသူများထံ လွှဲပြောင်းပေးခြင်းထက် ကုန်ကျစရိတ်ဖိအားများကို စုပ်ယူနေဆဲဖြစ် ကြောင်း ညွှန်ပြနေကြောင်း၊ သို့သော် ဤအခြေအနေသည် ကြာရှည်ရန် မဖြစ်နိုင်ဘဲ နောက်ဆုံးတွင် ထုတ်လုပ်သူများသည် ကုန်ကျစရိတ်များကို စားသုံးသူများထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး မကြာမီ အနာဂတ်တွင် ပို့ကုန်စွမ်းဆောင်ရည်အားနည်းသွားနိုင်ကြောင်း သူမက သုံးသပ်ထားပသည်။

တတိယသုံးလပတ် GDP သည် အစိုးရ၏ရင်းနှီးမြုပ်နှံမှုနှင့် အသုံးစရိတ်များ အမြဲတစေနှေးကွေးနေခြင်းကြောင့် ဗဟို၏မျှော်မှန်းချက်ထက် ၁.၆ ရာခိုင်နှုန်းနိမ့်ကျသွားကြောင်း၊  တစ်ချိန်တည်းတွင် ပုဂ္ဂလိကကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုနှင့် သုံးစွဲမှုနှစ်ခုစလုံးတွင် ခိုင်မာသောတိုးချဲ့မှုကို တွေ့မြင်ရပြီး ဒေတာစင်တာရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပမှ ထုတ်လုပ်မှုပြောင်းရွှေ့နေရာချထားမှုမြင့်တက်လာမှုတို့ကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပံ့ပိုးပေးခဲ့ကြောင်း၊ ပို့ကုန်များသည် မျှော်လင့်ထားသည်ထက် ပိုမို၏ ကောင်းမွန်ပြီး NESDC ၏ခန့်မှန်းချက်များနှင့်အညီ ၁၁ % တိုးတက်ရန် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း၊ K-Research သည် မကြာသေးမီက "Khon La Khrueng Plus" ပူးတွဲငွေပေးချေမှုအစီအစဉ်နှင့် ခရီးသွား လုပ်ငန်းပြန်လည်ကောင်းမွန်လာစေရန်အတွက် အစိုးရမှ ပံ့ပိုးကူညီမှုကိုကိုးကား၍ ၎င်း၏ စတုတ္ထသုံးလပတ် GDP ခန့်မှန်းချက်ကို ၀.၈ % သို့ပြန်လည်ပြင်ဆင်ခဲ့ပြီး တစ်နှစ်တာတိုးတက်မှုခန့်မှန်းချက်ကို ၁.၈ % မှ ၂ % သို့ မြှင့်တင်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် မျှော်မှန်းထား သည်ထက် နည်းပါးသော နှေးကွေးမှုနှင့် လက်ရှိအစိုးရ၏လှုံ့ဆော်မှုများကြောင့် စီးပွားရေးသည် စတုတ္ထသုံးလပတ်တွင် နည်းပညာဆိုင်ရာ ဆုတ်ယုတ်မှုတစ်ခုဝင်လာမည်ဟု မမျှော်လင့်တော့ပါကြောင်း၊ သို့သော် ခရီးသွားလုပ်ငန်းတစ်ခုလုံး တိုးတက်ကောင်းမွန်လာသော်လည်း တရုတ်နိုင်ငံမှ ဝင်ရောက်မှုနှေးကွေးလာမှုမှာ စိုးရိမ်စရာအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး ခရီးသွားအသုံးစရိတ်မှာ သိသာစွာပြန်လည်မြင့်တက်မလာသေးကြောင်း၊  ထိုင်းနိုင်ငံအတွက် အဓိကပြဿနာသည် ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ခြင်းမဟုတ်သော်လည်း ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများတွင် အားကောင်းသည့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် ပိုမိုသုံးစွဲစေလိုကြောင်း Kasikorn Research Center (K-Research)၏ဒါရိုက်တာ Burin Adulwattana က ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရ၏လှုံ့ဆော်မူဝါဒများသည် ယခုနှစ် GDP တိုးတက်မှုနှုန်း ၂ % အထက်တွင် တွန်းအားပေးကူညီနိုင်မည်ဟု ယုံကြည်ကြောင်း၊ အစိုးရသည် ကျွမ်းကျင်မှုဆိုင်ရာအစီအစဉ်များကို ဆောင်ရွက်သည့် စျေးသည်များအတွက် ဘတ်ငွေ ၂,၀၀၀ အပိုထောက်ပံ့ပေးမည့် Kon La Khrueng Plus ပူးတွဲငွေပေးချေမှုအစီအစဉ်ကို အစိုးရအဖွဲ့အစည်းအဝေးတွင် ထပ်မံအဆိုပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းသည် လက်လီရောင်းချသည့်ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန ဝန်ကြီး Mr. Ekniti Nitithanprapas က ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News