International News

အိန္ဒိယ၌ ခေါင်းအုံးတွင် အသုံးပြုသည့်ပစ္စည်းများအား ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စုပုံတင်ပို့မှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

Last Updated:

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းသော flexible slabstock polyol (FSP)နှင့်ပတ်သက်၍ စုပုံတင်ပို့မှုတိုက်ဖျက်ရေးစုံစမ်းစစ်ဆေးမှု(Anti dumping investigation)ကို စတင်ခဲ့ကြောင်း ကုန်သွယ်မှုကုစားရေးညွှန်ကြားရေးမှူးရုံး(Directorate General of Trade Remedies- DGTR)က ထုတ်ပြန်ကြော်ငြာသောစာအရ သိရှိရသည်။

FSP ကို ​​ကူရှင်များ၊ မွေ့ယာများ၊ ခေါင်းအုံးများ၊ သယ်ယူပို့ဆောင်ရေးထိုင်ခုံများနှင့် ထုပ်ပိုးမှုများအတွက်အသုံးပြုပြီး အိန္ဒိယတွင် FSP ထုတ်လုပ်သူ Manali Petrochemicals Limited က ဈေးပေါသော သွင်းကုန်များသည် ပြည်တွင်းစက်မှုလုပ်ငန်းကို ထိခိုက်စေသည်ဟု စွပ်စွဲပြီးနောက် ယခု စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ Manali Petrochemicals က တရုတ်နိုင်ငံကို စျေးကွက်စီးပွားရေးမဟုတ်သောနိုင်ငံအဖြစ် သဘောထားရန်လည်း တိုက်တွန်းခဲ့ကြောင်းနှင့် FSP တင်သွင်းမှုများသည် ပြည်တွင်းစက်မှုလုပ်ငန်းကို ထိခိုက်နစ်နာစေကြောင်း သက်သေအထောက်အထားများပေးအပ်ခဲ့ကြောင်း DGTR က ပြောကြားခဲ့သည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ FSP တင်သွင်းမှုစျေးနှုန်းများ သိသိသာသာကျဆင်းသွားသောကြောင့် အိန္ဒိယ၌ ထုတ်လုပ်မှုနှင့်သုံးစွဲမှုနှစ်ခုလုံးတွင် သွင်းကုန်ပမာဏသိသိသာသာတိုးလာခဲ့ပြီး စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံများမှ FSPများစုပြုံတင်သွင်းမှုကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းတွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့မှုအတွက်လုံလောက်သော သက်သေအထောက်အထားများရှိနေသည်ဟု DGTR က ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ဈေးကွက်ပေါက်ဈေးများထက် လျော့နည်းသောနှုန်းထားများဖြင့် တင်သွင်းလာသည့် ကုန်စည်ပစ္စည်းများအပေါ်တွင် စုပုံတင်ပို့မှုတိုက်ဖျက်ရေးစုံစမ်းစစ်ဆေးရေး(Anti dumping investigation)များဖြင့် ဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Pillow stuffing from Thailand and China faces dumping probe, The Economic Times, 21 March, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့) 

Category: International News