International News

ဒူဘိုင်းတရားစီရင်ရေးဌာနမှ တရားရေးဆိုင်ရာလေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် မော်ရိုကိုနိုင်ငံနှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့

Last Updated:

ဒူဘိုင်းတရားစီရင်ရေးဌာန(DJI)သည် တရားရေးဆိုင်ရာသင်တန်းများတိုးမြှင့်ရန်နှင့် အဖွဲ့အစည်းနှစ်ရပ်အကြား ဥပဒေအသိပညာဖလှယ်မှုမြှင့်တင်ရန်အတွက် မော်ရိုကိုနိုင်ငံမှတရားစီရင်ရေးဆိုင်ရာ ပညာရေးအဖွဲ့အစည်းဖြစ်သည့် Institut Supérieur de la Magistrature နှင့်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါသဘောတူညီချက်ကို DJI ၏ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ Ebtessam Ali Al Badwawi နှင့်မော်ရိုကိုနိုင်ငံမှပညာရေးအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ် Abdelhanine Touzaniတို့က အွန်လိုင်းဆွေးနွေးပွဲတစ်ရပ်တွင် တရားဝင်လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။ မိတ်ဖက်အဖွဲ့သည် ပူးတွဲ ဆွေးနွေးပွဲများ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် တရားရေးဆိုင်ရာသုတေသနနှင့်ပုံနှိပ်ထုတ်ဝေမှုများမှတစ် ဆင့်တရားစီရင်ရေးဆိုင်ရာပညာရပ်များအားကို မြှင့်တင်နိုင်ရန်ရည်ရွယ်ထားပါ သည်။

နားလည်မှုစာချွန်လွှာတွင် နှစ်နိုင်ငံလုံးရှိတရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တရားစီရင်ရေးကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကိုအလေးပေး၍ နှစ်ဖက်ကွင်းဆင်းလေ့လာခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပညာရေးဆိုင်ရာလှုပ်ရှားမှုများအတွက် အစီအမံများကိုဖော်ပြထားပါသည်။

တရားသူကြီး Al Badwawi ကပူးပေါင်းဆောင်ရွက်ခြင်းသည် လေ့ကျင့်ရေးလမ်း ကြောင်းများကိုကြွယ်ဝစေပြီး ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များတည်ဆောက်ရေးတွင် DJI ၏ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်ကိုပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။ တရားသူကြီး Touzani က ဤသဘောထားကိုပဲ့တင်ထပ်ပြီး ခိုင်မာ သောဥပဒေရေးရာလေ့ကျင့်မှုမူဘောင်များကို ပုံစံထုတ်သွားမည့်မျှဝေသောကတိကဝတ်ကို မီးမောင်းထိုးပြောကြားခဲ့ပါသည်။

ဤသဘောတူညီချက်သည် DJI ၏ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကြိုးပမ်းမှုတွင် မဟာဗျူဟာမြောက်ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အဆင့်မြင့်၊ အနာဂတ်အဆင်သင့်ရှိသော တရားစီရင်ရေးဂေဟစနစ်ကိုမွေးမြူသွားမည့် ဒူဘိုင်း၏မျှော်မှန်းချက်နှင့်ကိုက်ညီမှုရှိကြောင်း သတင်းဖော်ပြထားပါသည်။

Source:         Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News