ယူအေအီးနိုင်ငံ၏ တာဝန်ခံမှုအာဏာပိုင်အဖွဲ့မှ ပြည်သူ့အရင်းအမြစ်များကိုကာကွယ်ရန်နှင့် ကောင်းမွန်သောအုပ်ချုပ်မှုမြှင့်တင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အင်ဒိုနီးရှားနိုင်ငံ၏ စာရင်းစစ်ဘုတ်အဖွဲ့နှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
ယူအေအီးတာဝန်ခံမှုအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ Humaid Obaid Abushibs နှင့်အင်ဒိုနီးရှားစာရင်းစစ်ဘုတ်အဖွဲ့ဥက္ကဋ္ဌ Dr. Isma Yatun တို့အဘူဒါဘီမြို့တွင်တွေ့ဆုံစဉ်အတွင်း ၎င်းသဘောတူညီချက်ကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလက် မှတ်ရေးထိုးမှုသည် နှစ်နိုင်ငံအကြားကြီးကြပ်ကွပ်ကဲမှုဆက်ဆံရေးကိုနက်ရှိုင်းစေမည့်မဟာဗျူဟာမြောက်ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။
နားလည်မှုစာချွန်လွှာအရ နှစ်ဖက်နိုင်ငံစလုံးမှအသိပညာများဖလှယ်ခြင်း၊ စာရင်း စစ်ခြင်းနှင့် စာရင်းကိုင်ခြင်းဆိုင်ရာအကောင်းဆုံးအလေ့အကျင့်များကိုမျှဝေကြမည် ဖြစ်ပြီး ပူးတွဲလေ့ကျင့်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစပျိုးမှုများတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများတွင် နိုင်ငံ တကာညီလာခံများနှင့်လှုတ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်ညှိနှိုင်းဆောင် ရွက်ခြင်းများလည်း ပါဝင်ပါသည်။
ဤသဘောတူညီချက်တွင် အရေးကြီးသောကဏ္ဍများတစ်လျှောက် အုပ်ချုပ်မှုစနစ်ပိုမိုကောင်းမွန်စေရေး၊ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်နှင့် ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကိုအားဖြည့်ပေးမည့် တူညီသော ကတိကဝတ်ကို အလေးပေးဖော်ပြထားကြောင်း သတင်းဖော်ပြပါရှိပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)