International News

အမေရိကန်ကုမ္ပဏီများကို ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်စည်းကြပ်သော နိုင်ငံများအပေါ် ၁၀၀ % အခွန်ကောက်ခံမည်ဟု အမေရိကန်သမ္မတထရမ့်က ပြောကြား

Last Updated:

အမေရိကန်ကုမ္ပဏီများအပေါ် ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်(digital services tax)စည်းကြပ်သော မည်သည့်နိုင်ငံ၏ ကုန်ပစ္စည်းများအပေါ်မဆို "၁၀၀ %အခွန်" ချမှတ်မည်ဟု အမေရိကန်သမ္မတထရမ့်က ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် "ဤအခွန်သည် ချုပ်ဆိုထားသော ကုန်သွယ် ရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ပြီးဖြစ်စေ၊ လက်မှတ်ရေးထိုးပြီးဖြစ်စေ၊ မရေးထိုးရသေးသည်ဖြစ်စေ သက်ရောက်မည်ဖြစ်သည်" ဟုဖော်ပြခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအပေါ် ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်ကောက်ခံသည့်အစီအစဉ် ဆောင်ရွက်သည့်နိုင်ငံများကို ချက်ချင်းအခွန်စည်းကြပ်မည်ဟုပြောကြားခဲ့ကြောင်း၊ အမေရိကန်သမ္မတထရမ့်အနေဖြင့် ယခင်ကလည်း ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်များစည်းကြပ်သောနိုင်ငံများကို လက်တုံ့ပြန်မည်ဟု ပြောကြားခဲ့ကာ ၎င်းတို့သည် အမေရိကန်နည်းပညာကုမ္ပဏီကြီးများကို တရားမျှတမှုမရှိဘဲ ပစ်မှတ်ထားဆောင်ရွက်သည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်များသည်ကမ္ဘာ့အကြီးဆုံးနှင့်အထင်ရှားဆုံး နည်းပညာကုမ္ပဏီများဖြစ်သည့် Meta၊ Alphabet နှင့် Amazon ကဲ့သို့သောအမေရိကန်ကုမ္ပဏီများအပေါ်သာ အများအားဖြင့် အကျုံးဝင်စေရန်ဆောင်ရွက်ထားခြင်းဖြစ်ကာ နိုင်ငံ(၁၂)နိုင်ငံကျော်သည် ဒီဂျစ်တယ်ဝန်ဆောင်မှုအခွန်များကို စည်းကြပ်ထားပြီးဖြစ်ကြောင်း၊ သမ္မတထရမ့် ၏ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည့် အဆိုပါအကြောင်းအရာအရ ဥရောပနိုင်ငံများကို အဓိကထားပြောကြားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News