International News

အိန္ဒိယ - စင်ကာပူစီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကျင်းပ

Last Updated:

အိန္ဒိယ-စင်ကာပူစီးပွားရေးစကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းများဖြစ်သည့် Bharti Enterprises၊ Mahindra Group၊ TVS Motors၊ National Investment and Infrastructure Fund နှင့် Protean eGov Technologies တို့ပါဝင်တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံမှ Blackstone Singapore၊ GIC၊ Temasek၊ Singapore Airlines၊ DBS၊ Sembcorp နှင့် CapitaLand တို့ပါဝင်ခဲ့ပါသည်။ နှစ်ဖက်စီးပွားရေးလုပ်ငန်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ဆောင်ရန်၊နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး စက်မှုဥယျာဉ်မြို့တော်များ၊ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းကဏ္ဍများ၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် ဒီဂျစ်တယ်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြပါသည်။

စင်ကာပူနိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြား ငွေလွှဲပြောင်းမှုများလွယ်ကူချောမွေ့စေရေးအတွက် စင်ကာပူနိုင်ငံ၏ Pay Now စနစ်နှင့် အိန္ဒိယနိုင်ငံ၏ Unified Payments Interface တို့ကို ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး နှစ်ဖက်ငွေကြေးအဖွဲ့အစည်းများအကြား အချိန်နှင့်တပြေးညီ ငွေလွှဲပြောင်းမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် Green Amonia ကဲ့သို့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် နှစ်နိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan ၏ပြောကြားချက်အရ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အဆင့်မြင့်ထုတ်လုပ်မှုကဏ္ဍနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း သိရှိရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

                   The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News