International News

နှစ်သစ်ကူးပိတ်ရက်ရှည်ကာလနီးကပ်လာသည်နှင့်အမျှ ဟောင်ကောင်ဒေသသို့ ခရီးသွားလာရောက်မှုမြင့်တက်

Last Updated:

နှစ်သစ်ကူးပိတ်ရက်ရှည်ကာလမစတင်မီ ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၀ ရက် စနေနေ့တွင် ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားဦးရေစုစုပေါင်း ၂၃၅,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ခြင်းကြောင့် ဟောင်ကောင်ဒေသသည် ခရီးသွားများအတွက် လာရောက်မှုအများဆုံးနေရာများအနက် တစ်ခုအဖြစ် ရပ်တည်နေသည်ဟု ဒေသအစိုးရက ပြောကြားခဲ့သည်ဟု rthk သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် “Strong tourist figures as holiday season approaches” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ခရီးသွားလာရောက်မှုစုစုပေါင်း ၂၃၅,၅၈၆ ဦး အနက် တရုတ်ပြည်မှ လာရောက်သူ ၁၈၇,၀၀၀ ကျော်ရှိခဲ့ပြီး ထိုပမာဏသည် အမျိုးသားနေ့ရွှေရောင်သီတင်းပတ်ပိတ်ရက်ကာလမှစ၍ အမြင့်ဆုံးပမာဏဖြစ်ကြောင်း၊ တရုတ်ပြည်မမှ မဟုတ်သည့် ခရီးသွားအရေအတွက် ၄၈,၀၀၀ ဖြင့် ယခုနှစ်အတွင်း တစ်ရက်တည်းလာရောက်မှုအရေအတွက်အမြင့်ဆုံးဖြစ်ပြီး၊ ကိုဗစ်ကာလမှစတင်ရေတွက်ပါက ဒုတိယအမြင့်ဆုံးဖြစ်သည်ဟု ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဗျူရိုက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၉ ရက်တွင် Kai Tak Cruise Terminal သို့ အပျော်စီးသင်္ဘောနှစ်စင်းလာရောက်လည်ပတ်ခဲ့သောကြောင့် ဟောင်ကောင်ဒေသသို့ ခရီးသွားများပိုမိုဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ခရစ်စမတ်ပိတ်ရက်များအတွင်း ဟောင်ကောင်ဒေသအနှံ့အပြား၌ အခမ်းအနားများပြုလုပ်သွားမည်ဖြစ်သကဲ့သို့ Central ၌ the Winter Wonderland and Immersive Light Show အလှဆင်ထားပြီး West Kowloon Cultural District တွင်လည်း ပျော်ရွှင်ဖွယ်လှုပ်ရှားမှုများကို ပြုလုပ်ထား သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ထိုကဲ့သို့သောအခမ်းအနားများအပြင် shopping malls များနှင့် သင်္ဘောဆိပ်များအရောင်းဆိုင်များတွင် အလှဆင်ထားခြင်းများပြုလုပ်ထားသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source : https://news.rthk.hk/rthk/en/component/k2/1836973-20251221.htm

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News