ပြင်ပစိန်ခေါ်မှုများရှိနေသော်လည်း ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်အတွင်း ဦးမော့နေဆဲဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ၊ ဘဏ္ဍာရေးဝန်ကြီး Paul Chan က ပြောကြားခဲ့ သည်ဟု hong kong business သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် “HK economy maintains strength in 2025” ခေါင်းစဉ် ဖြင့်ဖော်ပြထားပါသည်။
ဒေသ၏ နိုင်ငံတကာဘဏ္ဍာရေးဗဟိုချက်အဖြစ် ရပ်တည်မှုအတွက် တွန်းအားပေးလုပ်ဆောင်မှုနှင့် ဆန်းသစ်တီထွင်မှုနှင့်နည်းပညာကဏ္ဍမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်မှုရလဒ်များလည်းရရှိနေပြီဖြစ်ကြောင်း၊လာမည့် ၂၀၂၆ ခုနှစ် ဘတ်ဂျက် အတွက် စီးပွားတိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးပြုမှုအရှိန်အဟုန်မြှင့်တင်ရေး၊ စက်မှုအဆင့်မြှင့်တင်ရေး၊ အရည် အသွေးပိုမိုမြင့်မားသည့် အလုပ်အကိုင်များဖန်တီးဖော်ဆောင်သွားရေးတို့ကို ဦးစား ပေးလုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ စီးပွားရေးတိုးတက်မှုနှင့် ခွဲဖြာထုတ်ခြင်းမှ ရရှိသည့်အကျိုးအမြတ်များကို ဒေသအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ဘတ်ဂျက်သစ်ရေးဆွဲရာတွင် ကဏ္ဍအသီးသီးမှ မတူညီသည့်အမြင်များစုစည်းရယူသွားခြင်း၊ ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်များလုပ်ဆောင်သွားပြီး အသိအမြင်များအားလုံး စုစည်းရေးဆွဲသွားရန်ရည်ရွယ်ထားကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိတို့၏အမြင်များ မျှဝေခြင်းဖြင့် ပိုမိုကောင်းမွန်တက်ကြွသည့် ဟောင်ကောင်ဒေသတစ်ခုအဖြစ် ဖန်တီးတည်ဆောင်ရန် အတူတကွလုပ်ဆောင်သွားနိုင်မည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: https://hongkongbusiness.hk/economy/news/hk-economy-maintains-strength-in-2025
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)