Local News

Value Chain upgrading of Potential Fruit (Coconut) in Ayeyarwaddy Region စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် Mekong Institute တို့အကြား အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း။

Last Updated:

ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသ ကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့် တင်ထုတ်လုပ်ခြင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ရန် အတွက် ညှိနှိုင်းသည့်အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Mekong Institute တို့အကြား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းနှင့် စီမံကိန်းဆိုင်ရာတာဝန်ရှိသူများ၊ Mekong Institute မှ Trade and Investment Facilitation Department, Program Manager ဖြစ်သူ Mr. Sa-nga Sattanun ဦးဆောင်သည့် အဖွဲ့ဝင် (၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် Mekong Institute က ACMEC-ROK စီမံကိန်း နောက်ခံအကြောင်း အရာ၊ Mekong Institute ၏အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များ၊ စီမံကိန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော်ရေးအဖွဲ့ (Project Implementing Agency-PIA) က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တင်ပြရမည့်အစီရင်ခံစာများ၊ Mekong Institute မှ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က စီမံကိန်းစတင်နိုင်ရန်အတွက် ဆောင်ရွက်ထား သည့်အခြေအနေများ၊ လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ဘတ်ဂျက်လျာထားဆောင်ရွက်သွားမည့် အခြေအနေများကိုဆွေးနွေးပြီး ဆက်လက်၍ နှစ်ဖက်အဖွဲ့အစည်းကြား ရှေ့ဆက်ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များအတွက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Category: Local News