Local News

ယခင်အမြင့်ဈေးသို့ပြန်မရောက်နိုင်သေးပဲ မတ်ပဲဈေးဆက်လက်ကျဆင်းနေ

Last Updated:

ယခင်စက်တင်ဘာလ ပထမသီတင်းပတ်တွင် ဧရာဝတီမတ်ပဲ ၁ တင်းဈေးနှုန်း ကျပ် ၁၃၅၀၀၀ ထိရောက်ရှိခဲ့ပြီး ယခုအောက်တိုဘာလ ကာလတူဈေးနှုန်းသည် ၁ တင်းလျှင် ကျပ် ၁၂၀၀၀၀ နှင့် ၁၃၀၀၀၀ ကြား၊ ဈေးအတက်အကျဖြစ်ပေါ်လျှက်ရှိကာ ယခင်အမြင့်ဈေးသို့ ပြန်တက် လာခြင်းမရှိသေးကြောင်းတွေ့ရသည်။

တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းများမှာ အောက်တိုဘာလ ၃ ရက်နေ့တွင် ၁ တင်းဈေးနှုန်း ကျပ် ၁၂၆၁၀၀၊ ၇ ရက်နေ့တွင် ကျပ် ၁၂၅၈၀၀၊ ၈ ရက်နေ့တွင် ကျပ် ၁၂၆၃၀၀၊ ၁၀ ရက်နေ့တွင် ကျပ် ၁၂၆၀၀၀ အသီးသီးဖြစ်ပါသည်။

ဩဂုတ်လနှင့် စက်တင်ဘာလ ကာလတူနှိုင်းယှဉ်ချက်အရ စက်တင်ဘာလအတွင်းအိန္ဒိယသို့ မတ်ပဲတင်ပို့မှုအနည်းငယ်ကျဆင်းခဲ့သော်လည်း မြန်မာမတ်ပဲဈေးကွက်အတွင်း မတ်ပဲ လက်ဝယ်ရှိ သူများက မတ်ပဲထုတ်ရောင်းကာ ငွေပြန်ဖော်ခြင်းများရှိလာကြောင်း မတ်ပဲရောင်းဝယ်သူ ကုန်သည် များထံမှ သိရှိရပါသည်။

အိန္ဒိယဈေးကွက်တွင်လည်း အစိုဓာတ်များသော မတ်ပဲသစ်များဈေးကွက်အတွင်းသို့ ရောက်ရှိကာ ပဲခွဲစက်များက ထိန်း၍တယ်ယူနေသောကြောင့် မတ်ပဲဈေးအေးလျှက်ရှိကြောင်း သိရှိ ရပြီး ယခင် ၃ လတာကာလနှင့်နှိုင်းယှဥ်လျှင် မတ်ပဲဈေးနှုန်း ၁၀%ကျဆင်းကြောင်း အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာဌာန အတွင်းရေးမှူးက ပြောကြားပါသည်။

အိန္ဒိယနိုင်ငံ၏ ပွဲတော်ကာလအတွင်း မတ်ပဲဈေးတက်လာနိုင်ချေရှိသော်လည်း ပွဲတော် အလွန်ကာလတွင် မတ်ပဲသစ်ဝင်ရောက်မှုများကြောင့် ဈေးအေးသွားနိုင်ကြောင်းလဲ အိန္ဒိယနိုင်ငံ ဖက်မှ ကုန်သည်များက ခန့်မှန်းထားပါသည်။

မြန်မာမတ်ပဲဈေးကွက်တွင်လည်း အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးကျဆင်းခြင်း၊ ကမ္ဘာရွှေဈေးနှင့် ပြည်တွင်းငွေကြေးလဲလှယ်မှု နှုန်းထားများအပေါ်မူတည်၍ မတ်ပဲဈေးသည် အကျဘက်တွင် ဆက်လက်ရှိနေနိုင်ကြောင်း မတ်ပဲရောင်းဝယ်သူလုပ်ငန်းရှင်များက သုံးသပ်ထားပါသည်။

ဧရာကုန်သွယ်မြှင့်

 

Category: Local News