Local News

ပေါ်ဆန်းမွှေးဆန်ဈေးကျ၍ ဆန်ကွဲ B(1,2) ဈေးမြင့်တက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ် စပါးစိုက်ပျိုးချိန်တွင် မိုးစပါးစိုက်ဧက ၂၆၉၀၈၅၈၊ နွေစပါးစိုက်ဧက ၃၃၆၀၈၉၊ စုစုပေါင်းစိုက်ဧက ၃၀၂၆၉၄၇ စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်တင်း(၈၈.၃၅)တင်းထွက်ရှိပါသည်။  စပါးထွက်ရှိမှုအနေဖြင့် ၅၅၈၁၇၆၆ တန် ထွက်ရှိပြီး မျိုးအပါအဝင်စုစုပေါင်းသုံးစွဲမှု   ၂၁၀၂၉၀၃ တန်ဖြစ်၍ ၃၄၇၈၈၆၃ တန်ပိုလျှံခဲ့ပါသည်။ စပါးစေျးကောင်း၍တောင်သူများအကျိုးအမြတ်ရှိပြီး ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်း အနည်းအများ၊ ဝယ်လိုအားအနည်းအများအပေါ်တွင် ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုစေျးများအတက် အကျ ဖြစ်ပေါ်လျက်ရှိပါသည်။       

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၅.၈.၂၀၂၄) ရက်နေ့ တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၅၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၂.၈.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၃၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၈၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၅၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၂၀၀၀ကျပ်ဈေး ကျဆင်းခဲ့ပြီး ဆန်ကွဲ B(1,2)  တစ်အိတ် ၃၀၀ဝကျပ် မြင့်တက်ခဲ့ပါသည်။ ပေါ်ဆန်းမွှေးဆန် စေျးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေး ကျဆင်းသွားပြီး ဆန်ကွဲ B(1,2)စေျးမြင့်တက်လာခြင်းမှာ အဝယ်လိုက်လာ၍ဖြစ်ပါကြောင်း ပဲခူး ကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News