Local News

နှမ်းစျေးများငြိမ်ကာ ပဲမျိုးစုံစျေးအနည်းငယ်ကျ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံတို့ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခုရက်ပိုင်းတွင် နှမ်းစျေးများ ငြိမ်လျှက်ရှိပြီး ပဲမျိုးစုံစျေးများမှာ အကျဘက်သို့ဦးတည်နေပါသည်။

ဖေဖေါ်ဝါရီလ တတိယပတ်တွင် ပဲစဉ်းငုံ(နီ)စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၁၂၅၅၀၀)၊ မတ်ပဲစျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၉၈၀၀၀)၊ ပဲတီစိမ်းစျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲနောက်စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၆၁၀၀၀)၊ ကုလားပဲ(HL)စျေးမှာ ကျပ်(၉၆၀၀၀)၊ ကုလားပဲ(မြကြေး)စျေးမှာ ကျပ်(၉၆၀၀၀)၊ ပဲကြီးစျေးမှာ  ကျပ်(၁၂၄၅၀၀)၊ ဘိုကိတ်ပြာစျေးမှာ ကျပ်(၇၀၀၀၀)စျေးအထိရရှိခဲ့ပါသည်။

ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်တွင် ပဲစဉ်းငုံ(နီ)စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ မတ်ပဲစျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၉၃၀၀၀)၊ ပဲတီစိမ်းစျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၆၈၀၀၀)၊ ပဲနောက်စျေးမှာ ၂၀ပိသာတစ်တင်းလျှင် ကျပ်(၅၈၀၀၀)၊ ကုလားပဲ(HL)စျေးမှာ ကျပ်(၈၆၀၀၀)၊ ကုလားပဲ(မြကြေး)စျေးမှာ ကျပ်(၈၅၀၀၀)၊ ပဲကြီးစျေးမှာ ကျပ်(၉၆၀၀၀)၊ ဘိုကိတ်ပြာစျေးမှာ ကျပ်(၆၈၀၀၀)စျေးအထိသာ ရရှိသည့်အတွက် ဖေဖေါ်ဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက စျေးကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News