မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၌ သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ စားသုံးမှုများပြားသော ပြောင်းဖူး(မိုး) သီးနှံကို ၂၀၂၄ ခုနှစ်တွင် ကျောက်ဆည်မြို့နယ်၌ ၁၁၉၂ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ဧက ၁၄၀၀ ၊ မြစ်သားမြို့နယ်၌ ၁၈၇၃ ဧက စုစုပေါင်း ၄၄၆၅ ဧကစိုက်ပျိုးခဲ့ကြောင်း၊ ယခုအချိန်တွင် ပြောင်းဖူးသီးနှံများ ရိတ်သိမ်းလျက်ရှိရာ စဉ့်ကိုင်မြို့နယ်၌ ၁၀၃၄ ဧက၊ မြစ်သားမြို့နယ်၌ ၃၆၂ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ ပြောင်းဖူး(မိုး)သီးနှံကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် စတင်ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထွန်ကြောင်း ဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး မျိုးအနေဖြင့် သကြားပြောင်းမျိုးနှင့် ရှမ်းပြောင်းမျိုးများကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၆၀၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄၀၀၀ ခန့် ထွက်ရှိပြီး ပြောင်းဖူးတစ်ဖူး လျှင် လက်ကားဈေး ငွေကျပ် ၃၀၀ နှုန်းဖြင့် စိုက်ခင်းအထိ လာရောက်ဝယ်ယူကြသည့် ကုန်စိမ်းပွဲစားများသို့ ရောင်းချ ကြသည့်အပြင် ကျောက်ဆည်မြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ တစ်ဧကလျှင် ငွေကျပ် ၉၄၀၀၀ ခန့် အမြတ်ရရှိပြီး ယခုနှစ်တွင် ပြောင်းဖူးဈေးနှုန်း ကောင်းမွန်သည့်အတွက် တောင်သူများ အကျိုးအမြတ်ရရှိကြ ကြောင်း သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ