Local News

ဘားအံမြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ဒေသထွက်ပဲမျိုးစုံ၏ ၁ ပိဿာဈေးနှုန်းများမှာ ပဲဖြူလေး ၆၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၃၂၀၀ ကျပ်၊ ပဲပုပ် ၂၇၀၀ ကျပ်၊ ပဲလွန်းမဲ ၃၀၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၃၇၅၀ ကျပ်၊ မြေပဲဆန် ၇၂၀၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၈၅၀၀ ကျပ် ဈေးနှုန်းဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း) မှ သိရသည်။ ယခင်အပတ်တွင် ပဲဖြူလေး ၁ ပိဿာ ၇၂၀၀ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၃၄၀၀ ကျပ်၊ ပဲပုပ် ၁ ပိဿာ ၂၉၂၅ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၃၇၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၁ ပိဿာ ၄၁၀၀ ကျပ်၊ မြေပဲဆံ ၁ ပိဿာ ၇၇၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၆၅၀၀ ကျပ်၊ တောင်ယာနှမ်း ၁ ပိဿာ ၈၅၀၀ ကျပ် ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသဖြင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက နှမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ပဲဈေးနှုန်းများမှာ အနည်းငယ်ကျလျက်ရှိကြောင်း သိရပါသည်။ ထိုသို့ပဲဈေးနှုန်းကျရခြင်းသည် ပဲအသစ်ထွက်ပေါ်သည့်ရာသီ ဖြစ်ခြင်းနှင့် ဘားအံမြို့သို့ ပဲမျိုးစုံများဝင်ရောက်မှုရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဈေးကွက်စုံစမ်းမှုအရ  သိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News