Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၈၉၈) ဒေါ်လာနှုန်းဖြင့် (၁၂၉၅) တန် ၊ တန်ဖိုး (၁.၁၆၃) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် စုစုပေါင်းပို့ကုန် တန်ဖိုး (၁.၁၆၃) ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ် မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၉၁၅) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန်၊ တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် ( ၉၉.၅ ) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News