Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ရခိုင်ငှက်ပျောနှင့်ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၂၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ရခိုင်ငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၂၇၅၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ဒေါ်မိုးသူဇာက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေ‌ဖော်ဝါရီလအတွင်းက ရခိုင်ငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၂၁၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လအတွင်းက ရခိုင်ငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၂၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်မှာက ရခိုင်ငှက်ပျောနဲ့ ဖီးကြမ်းငှက်ပျောသီး အမျိုးအစားကို အများဆုံးစိုက်ပျိုးပါတယ်။ လက်ရှိ ဒေသထွက်ငှက်ပျောသီးတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်။ ဈေးကောင်းရရှိနေတော့ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ လုပ်သားတွေပါ အဆင်ပြေလာတာတွေ့ရပါတယ်။ အခုနှစ် ငှက်ပျောသီးတွေက အရည်အသွေးလဲကောင်းတာတွေ့ရပါတယ်။ ရန်ကုန်ဘက်မှာက ငှက်ပျောသီးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်လာလို့ဖြစ်ပါတယ်” ဟု ‌ဒေါ်မိုးသူဇာက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့‌ရောင်းချခဲ့သည့် ဖီးကြမ်းငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ၁၂၅၀၀၀၊ ရခိုင်ငှက်ပျောသီး အဖီးရေ ၁၀၀ လျှင် ငွေကျပ် ၉၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News