Local News

ရာသီပေါ်သီချိန် ထန်းသီးဆန်များ မန္တလေးဈေးကွက်သို့ ရောက်ရှိလာ

Last Updated:
ရွှေမန်း
 
     မန္တလေးမြို့ စားသုံးသူဈေးကွက်သို့ ရာသီပေါ်သီးနှံဖြစ်သည့်အပြင် ဆေးဘက်ဝင်သော ထန်းသီးဆန်များ ရောက်ရှိလာပြီဖြစ်ပြီး အရွယ်အစားအလိုက် ထန်းသီးဆန် ၇ ဆန်လျင် ငွေကျပ် ၁၀၀ဝဖြင့် ရောင်းချ ကြောင်းသိရသည်။
 
     ထန်းသီးတစ်လုံးလျင် ထန်းသီးဆန် ၃ ဆန်ဝန်းကျင်ပါရှိပြီး ယခုချိန်တွင် အရည်ရွှမ်း၍ စားသုံးရန် အကောင်းဆုံးဖြစ်ကာ ချိုဆိမ့်သော အရသာရှိသည်ဟု မိတ္ထီလာမြို့နယ်၊ရှမ်းတဲရွာမှ ထန်းသီး ဆန်ရောင်းချသူ ဦး​ကျော်ဆန်းကပြောသည်။
 
     “သယ်ယူစရိတ်က ၂ ဆလောက်ပိုပေးရတယ်။ခုလက်ရှိမှာ ရောင်းတဲ့သူ ၁၀ ဦးလောက်ရှိတယ်။ မန္တလေးက ထန်းသီးဆန်ကို ကြိုက်ကြတယ်။ အလုံး ၂၀ လောက်ပါတဲ့အခိုင်လိုက်ဆို ၃၀၀၀ ရောင်းတယ်။ အဆန် ၅၀၀၀ ဖိုးဝယ်ပြီး ဆိုင်ရှေ့မှာ အကုန်စားပစ်သူလည်းရှိတယ်။ ကဆုန် ညောင်ရေသွန်းပွဲကို အဓိကထားပြီး လာရောင်းကြတော့ နောက်ရက်မှာ ရောင်းတဲ့သူတွေတိုးလာမယ်”ဟု ၎င်းကပြောသည်။
 
     မန္တလေးတိုင်းဒေသကြီးတွင် မိတ္ထီလာမြို့နယ်မှ ဦးစွာထွက်ရှိပြီး တံတားဦးမှ ထန်းသီးဆန်မှာ နောက်ဆုံး ထွက်ရှိကြောင်း၊ မန္တလေးမြို့၊ဗောဓီကုန်းဘုရား တောင်ဘက်မုခ်၊ မန္တလေးတက္ကသိုလ်(ပင်မ)၏ မြောက် ဘက်လမ်းဘေးတလျောက်တွင် ရောင်းချလျက်ရှိရာ နယ်ဒေသများမှ လာရောက် ရောင်းချသူပေါင်း ၁၀ ဦးမှ ၂၀ ဦးကျော် ရှိကြောင်းသိရသည်။
     “တန်ခူးလ၊ ထန်းသီးဆန်ပေါ်ချိန် အရည်ရွှမ်းပြီးစားလို့ကောင်းတယ်။ နယုန်လလောက်မှာ အရင့်ဘက်ရောက်လာလို့ နည်းနည်းမာလာတယ်။မိတ္ထီလာနယ်ဘက်က လာရောင်းသူ အများဆုံးပဲ။ အရင်တုန်းကတော့ ဗောဓိ ကုန်းဘုရား၊ ညောင်ရေသွန်းပွဲမှာ ရက်တိုလာရောင်းကြပေမယ့် ခုတော့ တခြား ဘုရားတို့၊ဈေးတို့မှာ လည်း သွားရောင်းကြတယ်”ဆက်လက်ပြောကြားသည်။
       ထန်းသီးတစ်ခိုင်လျင် ထန်းသီး ၁၀လုံးမှ အလုံး ၂၀ ပါဝင်ပြီး မန္တလေးအရောက် ငွေကျပ်၂၀၀၀-၂၅၀၀ ဝန်းကျင် ရှိ၍ မန္တလေးတွင် ညအိပ်နေထိုင်​ရောင်းချကြရာ ရာသီချိန် တစ်လခွဲခန့်ကြာမြင်၍တစ်ရာသီလျင် ငွေကျပ် ၁၀သိန်းကျောအပိုဝင်ငွေရရှကြောင်း သိရသည်။
Source: မကွေးဂျာနယ်
 
Category: Local News