Local News

ကျောက်ဆည်ခရိုင်၌ ဝါသီးနှံများ(မိုးကြို) အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဝါသီးနှံများ (မိုးကြို) စိုက်ပျိုးမှုအနေဖြင့် စဉ့့််င် မြို့နယ်၌(၂၁၀)ဧကနှင့် မြစ်သားမြို့နယ်၌(၁၀၀၉)ဧက၊ စုစုပေါင်း(၁၂၁၉)ဧက စိုက်ပျိုးလျက်ရှိကြောင်း၊ ဝါသီးနှံများ(မိုးကြို)ကို ဖေဖော်ဝါရီ၊ မတ်နှင့်ဧပြီလများတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်၊ သြဂုတ်လများတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ဝါသီးနှံများ  (မိုးနှောင်း)    ကို  သြဂုတ်လတွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ မျိုးအနေဖြင့် တောင်သူအများစုမှာ ငွေချည်(၆)နှင့် (ရာကာ)အိန္ဒိယ မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ဝါ(၁)ဧကလျှင် မျိုးတစ်ထုပ်ခွဲမှ နှစ်ထုပ်အထိ စိုက်ပျိုးရပြီး တစ်ထုပ်လျှင်(၃၂၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ဝါသီးနှံတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း(၇၀၀၀၀၀) ကျပ်ကုန်ကျကြောင်း သိရသည်။

          အထွက်နှုန်းအနေဖြင့် ယခင်နှစ်၌ ဝါ တစ်ဧကလျှင် ပိဿာချိန် (၆၀၀-၇၀၀) ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိလာသော ဝါများကို မန္တလေးစျေးကွက်သို့ တင်ပို့ရောင်းချကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်၌ ဝါ(၁)ပိဿာလျှင် (၃၃၀၀-၃၅၀၀)ကျပ်၊ ဝါစေ့(၁)ပိဿာလျှင်(၁၄၀၀/-)ကျပ်နှင့် ဝါဂွမ်း(၁)ပိဿာလျှင် (၇၃၀၀-၇၄၀၀)ကျပ် စျေးများရရှိကြောင်း၊ ယခုနှစ်တွင် ဝါသီးနှံများ ထွက်ပေါ်ခြင်း မရှိသေးဘဲ စိုက်ပျိုးထားသော ဝါသီးနှံများ(မိုးကြို) အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရှိသည်။

Source: https://commerce.gov.mm

Category: Local News