Local News

ပဲနှမ်းဈေးကွက်တည်ငြိမ်နေပြီး လိုအပ်သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေ

Last Updated:

ဈေးကွက်အပြောင်းအလဲမရှိဘဲ ဈေးငြိမ်ငြိမ်ဖြင့် လိုအပ်သလောက်သာ ဝယ်ယူသည့် ဈေးကွက်ဖြစ်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများ ဈေးအနည်းငယ် ကျဆင်းနေသလို ပြည်တွင်းသုံး ကုလားပဲများလည်း ဈေးတည်ငြိမ်နေသည်။

ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးငြိမ်ငြိမ်လေးနှင့် လိုသလောက် သာဝယ်ယူနေသည့် ဈေးကွက်ဖြစ်နေတာကြောင်းလည်း ဈေးအတက်အကျ အပြောင်းအလဲ သိပ်မရှိဘဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်ဖြစ်ကြောင်း  ပို့ကုန်ပဲများ အိန္ဒိယနိုင်ငံ၏အဝယ်နှင့် သင်္ဘောတင်အခြေအနေများကြောင့် အရောင်းအဝယ် အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်ကပြောသည်။

"ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးကတော့ ခပ်ငြိမ်ငြိမ်နဲ့ လိုရောင်းလိုဝယ်ဈေးကွက်အနေအထားပဲ ရှိနေပါတယ်။ ကုလားပဲဈေးကွက်ကလည်း ဈေးအနယ်ငယ်ကျဆင်း နေပါတယ်။  ပို့ကုန်ပဲတွေလည်း ဈေးကျဆင်းနေပါတယ်။ တရုတ်လိုင်းပဲတွေလည်း သွက်သွက်လက်လက် မရှိသေးဘူး။ ဈေးကွက်မှာ ဈေးငြိမ်နေပြီး လိုအပ်သလောက် အဝယ်လေးနဲ့ အရောင်းအဝယ် ဖြစ်နေတာပါ" ဟု ၎င်းက ပြောသည်။

မေလ ၂ ရက်တွင် အိန္ဒိယနိုင်ငံ ကုန်သည်များ၏ ဝယ်လိုအားနည်းနေခြင်းဖြစ်ရာ ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၂၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၈၆၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာတစ်အိတ် လျှင် ငွေကျပ် ၁၅၅၀၀၀ ပေါက် ဈေးဖြစ်နေသည်။      

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးတည်ငြိမ်နေရာ  မေလ ၂ ရက်တွင် ကုလားပဲ V2  တစ် အိတ်လျှင် ငွေကျပ် ၂၄၃၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၃၅၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၅၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံးပဲမာလိုင်းများမှာလည်း လိုအပ်ချက်ရှိသလောက်သာအဝယ်ရှိနေရာ ပဲကြီးတစ် အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံး ဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇၃၀၀ ပေါက်ဈေး ရှိ နေသည်။

မေလ ၂ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်မြင့်တက်လာရာ  နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Source: မကွေးဂျာနယ်

Category: Local News