Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်း

Last Updated:

ကြက်သွန်နီ

မော်လမြိုင်ကုန်စည်ဒိုင်သို့ မြစ်သားနှင့်ဆိပ်ဖြူတို့မှ ကြက်သွန်နီများ ဝင်ရောက်လျက်ရှိရာ မေလပထမပတ်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး) တစ်ပိဿာ (၃၄၀၀)ကျပ်၊ မြစ်သား(အလတ်) တစ်ပိဿာ(၃၃၀၀)ကျပ်၊ မြစ်သား(အသေး) တစ်ပိဿာ (၃၁၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး) တစ်ပိဿာ (၂၈၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်) တစ်ပိဿာ (၂၇၀၀) ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိဿာ (၂၂၀၀)ကျပ်တို့ဖြစ်ပြီး ဧပြီလ တတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး) တစ်ပိဿာ  (၃၁၀၀)ကျပ်၊ မြစ်သား (အလတ်) တစ်ပိဿာ (၃၀၀၀)ကျပ်၊ မြစ်သား(အသေး) တစ်ပိဿာ  (၂၈၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး) တစ်ပိဿာ (၂၅၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်) တစ်ပိဿာ မေလပထမပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်အတက်ရှိကြောင်း သိရှိရသည်။

ကြက်သွန်ဖြူ           

မော်လမြိုင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းကြက်သွန်ဖြူများ ဝင်ရောက်လျက်ရှိရာ မေလပထမပတ်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ထူးလေးတစ်ပိဿာ (၇၅၀၀)ကျပ်၊ ထူးငါးတစ်ပိဿာ (၈၀၀၀)ကျပ် တို့ဖြစ်ပြီး ဧပြီလတတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ထူးလေးတစ်ပိဿာ (၇၅၀၀)ကျပ်၊ ထူးငါး တစ်ပိဿာ (၈၀၀၀) ကျပ်တို့ ဖြစ်ရာ မေလပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းမှာ အတက်အကျမရှိကြောင်း သိရှိရပါသည်။                                      

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး 

Category: Local News