International News

ဗီယက်နမ်ကော်ဖီခြံစိုက်ခင်းများ အထွက်နှုန်းတိုးသော်လည်း Espresso ဈေးတက်ခြင်းမရပ်တန့်

Last Updated:

ဗီယက်နမ် (Reuters) - ဗီယက်နမ်ကော်ဖီစိုက်ပျိုးသူများသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အဆိုးရွားဆုံးမိုးခေါင်မှုကို ယခုနှစ်အတွင်း အဆိုးရွားဆုံးကြုံတွေ့ခဲ့ရပြီး တချို့သော တောင်သူ လယ်သမားများသည် စိုက်ပျိုးနည်းစနစ်ကောင်း၍ အထွက်နှုန်းကောင်းနေသော်လည်း ကမ္ဘာတစ်ဝန်းတွင် espressos ဈေးနှုန်းမြင့်တက်လာမည်ကို စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။ကမ္ဘာ့ဒုတိယအကြီးဆုံးကော်ဖီထုတ်လုပ်သည့် ဗီယက်နမ်တွင် လာမည့်ရာသီရိတ်သိမ်းမှုအတွက် ပြည်တွင်းခန့်မှန်းချက်မှာ ဆိုးရွားနေဆဲဖြစ်သည်။

မတ်လမှ မေလဆန်းပိုင်းအတွင်း Central Highlands ကော်ဖီထွက်ရှိရာဒေသတွင် အပူရှိန်ကြောင့် အထွက်နှုန်း ၁၀-၁၆% ကျဆင်းမည်ဟု ဗီယက်နမ် Mercantile Exchange (MXV) မှ လက်ထောက်အကြီးအကဲ Nguyen Ngoc Quynh က ပြောကြားခဲ့ပါသည်။ သို့သော်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း မိုးပြန်လည်ရွာသွန်းမှုကြောင့် လယ်သမားများနှင့် တာဝန်ရှိသူများအကြား ယုံကြည်မှုများတိုးမြင့်လာကာ အလားအလာများပိုမိုကောင်းမွန်လာခဲ့သည်။ သို့သော် ကမ္ဘာ့ထိပ်တန်းကော်ဖီတင်ပို့သည့်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံအနေဖြင့် မိုးပြန်လည်ရွာသွန်းမှုကြောင့် အထွက်နှုန်းတိုးမည်ကို အထောက်ကူပြုသော်လည်း Espressos နှင့် အသင့်စားကော်ဖီများတွင် အများဆုံးတွေ့ရသော robusta စေ့များ၏ ဈေးနှုန်းများကိုကျဆင်းစေရန် အထောက်အကူဖြစ်နိုင်/မဖြစ်နိုင်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းကော်ဖီထွက်ရှိသော ပြည်နယ်များအနက် တစ်ခုဖြစ်သည့် Gia Lai တွင် ဟက်တာ၅၀ကျယ်ဝန်းသော ကော်ဖီစိုက်ခင်း၏ ကော်ဖီစိုက်ပျိုးသူလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Nguyen Huu Longက  "ကျွန်တော်တို့နိုင်ငံ၏ ကော်ဖီအထွက်နှုန်း ၁၀-၁၅ % ကျဆင်းမည်ဟုမျှော်လင့်ထားပေမဲ့ ကျွန်တော့်စိုက်ခင်းတွေကတော့ အထွက်နှုန်းတိုးနေပါတယ်" ဟုပြောသည်။ ယင်း၏ စိုက်ပျိုးနည်းမှာ အပူလှိုင်းကာလတွင် ၎င်း၏သစ်ပင်များကိုကာကွယ်ရန်အတွက် အပင်တစ်ဝိုက်ရှိမြေဆီလွှာကို အရွက်များဖုံးကာ စိုစွတ်နေစေခဲ့သည်။ မြေဆီလွှာအရည်အသွေးမြှင့်တင်ရန် နှစ်အနည်းငယ်အကြာတွင် သစ်ပင်ခုတ်ခြင်းဓလေ့ကို ဆန့်ကျင်သည့်နည်းဖြင့် ၎င်း၏ကော်ဖီပင်များကြီးထွားမှုကို ဆယ်စုနှစ်များစွာထိန်းသိမ်းထားသည်။ ရလဒ်အနေဖြင့် အပင်များသည် အမြစ်များပိုမိုနက်ရှိုင်းပြီး မြေအောက်ရေသိုက်များဆီသို့ ပိုမိုကျယ်ပြန့်စွာဝင်ရောက်နိုင်ကြသည်။

ကော်ဖီစိုက်တောင်သူတစ်ဦးဖြစ်သည့် Doan Van Thang က ၎င်း၏စိုက်ခင်းသည် အပင်ပတ်လည်ရှိ မြေဆီလွှာကိုလည်းပျော့ပြောင်းစေပြီး မိုးရေနှင့် ဓာတ်မြေသြဇာများကို စုတ်ယူမှုပိုမိုတိုးတက်စေသည့်နည်းဖြင့် စိုက်ပျိုးသည်ဟုပြောသည်။ Gia Lai ၏မြို့တော် Pleiku လယ်သမား Tran Thi Huong က သူမသည် ပုံမှန်ထက် ရေကိုပိုမိုသုံးစွဲခဲ့သည့်နည်းဖြင့် စိုက်ပျိုးခဲ့ပြီး အပူလှိုင်းကျရောက်စဉ်ကာလအတွင်း၌ ဒေသအာဏာပိုင်များက တည်ဆောက်ထားသော တူးမြောင်းများမှတစ်ဆင့် လုံလောက်စွာရေသွင်းစိုက်ပျိုးနိုင်ခဲ့သည်ဟုပြောသည်။ ကော်ဖီချယ်ရီသီးများသည် ယခင်နှစ်များထက် သေးငယ်သော်လည်း အထွက်နှုန်းလျော့ဆင်းနိုင်ခြင်းမရှိဟု သူမမျှော်လင့်ထားသည်။ ပြင်းထန်သောရာသီဥတုကြောင့် ခါတိုင်းထက်များသော ပိုးကောင်များကိုလည်း ဇီဝပိုးသတ်ဆေးများသုံး၍  ကာကွယ်နိုင်ခဲ့သည်ဟု သူမကဆိုသည်။

အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်အရ ဗီယက်နမ်၏ လာမည့်ရိတ်သိမ်းချိန်သည် လက်ရှိရာသီထွက်ရှိမှုထက် အကြမ်းဖျင်းတည်ငြိမ်မည်ဟုခန့်မှန်းထားသည်။ ရိတ်သိမ်းမှုအပေါ် မည်သို့ပင်အကျိုးသက်ရောက်စေကာမူ ကမ္ဘာတစ်ဝန်းရှိ ကော်ဖီသောက်သုံးသူများအတွက် ကော်ဖီဈေးနှုန်းများမြင့်တက်လာဖွယ်ရှိသည်။

ဗီယက်နမ်နိုင်ငံ ကော်ဖီလက်ကားဈေးနှင့် လန်ဒန်ကော်ဖီဈေးကွက်တွင် ရောင်းတန်းဝင် ကော်ဖီစေ့ robusta ဈေးနှုန်းသည် ဗီယက်နမ်၌ ရိတ်သိမ်းမှုနည်းပါးပြီးနောက် ယခုနှစ်အစောပိုင်းတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အကြောင်းရင်းမှာ မိုးခေါင်ရေရှားပြီးနောက် နိုင်ငံ၏နောက်ထပ်ရိတ်သိမ်းမှုအပေါ် စိုးရိမ်မှုများကြောင့်ဖြစ်ကြောင်း ကုန်သည်များနှင့် လေ့လာသုံးသပ်သူအများအပြားထံမှသိရသည်။ နောက်ဆုံးပေါ်  Eurostat ဒေတာများအရ ဧပြီလတွင် ကော်ဖီဈေးနှုန်းဖောင်းပွမှုသည် နိုင်ငံ ၂၇ နိုင်ငံရှိ ဥရောပသမဂ္ဂတွင် ၁.၆ရာခိုင်နှုန်းခန့်မြင့်တက်သွားသဖြင့် စံချိန်တင် လက်ကားစျေးနှုန်းများသည် စားသုံးသူစျေးနှုန်းများအပေါ်  အတိုင်းအတာတစ်ခုအထိသက်ရောက်မှုရှိခဲ့သည်။

လာမည့် အောက်တိုဘာလ ရိတ်သိမ်းရာသီမတိုင်မီ မိုးမလုံလောက်ခြင်းကြောင့် အထွက်နှုန်းကျမည်ဆိုသော စိုးရိမ်ပူပန်များသည် ဖြစ်နိုင်ချေလွန်စွာဝေးသေးသည်ဟု ဗီယက်နမ်အခြေစိုက်ကုန်သည်တစ်ဦးက ပြောဆိုသည်။

SOURCE-REUTERS

Source: https://www.doca.gov.mm

Category: International News