အောက်တိုဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊ မြေပဲဆီဆန်ဖြူ ဈေးငြိမ်၍ မြေပဲ လုံးဆန်နီ၊ နှမ်းနက်၊ နှမ်းညို ဈေးနှုန်းကျဆင်းနေပြီး မြေပဲလုံးဆန်ဖြူဈေးနှုန်းများ မြင့်တက်နေ ကြောင်းသိရသည်။ အောက်တိုဘာလ ပထမပတ်အတွင်း နှမ်းညို တစ်တင်း ၉၈၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀-၁၈၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၅၀၀၀-၁၂၅၀၀၀ ကျပ်ဖြစ် ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၀၃၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၀၅၀၀၀- ၁၂၅၀၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၁၆၀၀၀၀- ၁၉၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၅၀၀၀ကျပ်ခန့်၊ နှမ်းနက် တစ်တင်းလျှင် ၁၀၀၀၀ကျပ်ခန့်နှုန်းကျဆင်းနေကြောင်းသိရသည်။
အောက်တိုဘာလ ပထမပတ်အတွင်း မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ ၈၂၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၇၉၀၀ကျပ်၊ မြေပဲဆီဆန် ဖြူတစ်ပိဿာ ၆၉၀၀ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ် ပိဿာ၈၀၀၀-၈၅၀၀ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ၇၇၀၀ကျပ်၊ မြေပဲဆီဆန်ဖြူ တစ်ပိဿာ ၆၉၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၃၀၀ကျပ်ခန့် ကျဆင်းနေပြီး၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့် မြင့်တက်နေကြောင်း သိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၄၀၀၀-၁၅၀၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၄၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၆၂၅ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး