Local News

ဘားအံမြို့ ပဲတီစိမ်းဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ဆောင်းသီးနှံပဲအသစ်များ ဘားအံမြို့ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်း (ရွှေဝါ) သီးနှံ သစ်များလည်း ပဲအထွက်လှိုင်ချိန်ဖြစ်ခဲ့သောကြောင့် နေ့စဉ်အများအပြားဝင်ရောက်လျက်ရှိပါသည်။ ဘားအံမြို့ အနီးတဝိုက်နှင့် ရွှေဂွန်း၊ မင်းဇီ၊ မိဇံ၊ ရေပေါ်သောင်ကျွန်းဒေသများမှ ဝင်ရောက်ခြင်းဖြစ်ပြီး ဝယ်လိုအားမှာလည်း မြင့်တက်ခဲ့သောကြောင့် ဝင်ရောက်လာသမျှ အရောင်းအဝယ်ဖြစ်ပြီး ဒေသတွင်းရောင်းဝယ်ဖောက်ကား သည့်အပြင် မော်လမြိုင်၊ ပဲခူးနှင့် ရန်ကုန်မြို့များသို့လည်း တင်ပို့ကြသည်ဟု  သိရပါသည်။

ပဲတီစိမ်း (ရွှေဝါ) ဈေးနှုန်းမှာ ၁ ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (၂၀) ပိဿာဝင် တစ်တင်းလျှင် ၆၅၀၀၀ ကျပ်မှ ၆၈၀၀၀ ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ ဈေးရရှိကာ ယခင် နှစ်ကုန်ပိုင်းကာလ၏ ဈေးနှုန်းထက် ဈေးနှုန်းထပ်မံမြင့်တက်လာသည်ဟု သိရှိရပါသည်။ ၂၀၂၃ နှစ်ကုန်ပိုင်းကာလ ပဲတီစိမ်း (ရွှေဝါ) သီးနှံ၏ ပေါက်ဈေးမှာ (၂၀) ပိဿာဝင်တစ်တင်းလျှင် ၆၃၀၀၀ ကျပ်ခန့်သာရရှိသည် ဟု သိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News