Local News

မန္တလေးကုန်စည်ဒိုင် ပို့ကုန်ပဲများ ဈေးဆက်တိုက်မြင့်တက်လာ

Last Updated:

ဇန်နဝါရီလ နောက်ဆုံးအပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပို့ကုန်ပဲများအရောင်းအဝယ်သွက်လာပြီး ဈေးမြင့်လာကြောင်း၊ မတ်ပဲနှင့် ပဲစင်းငုံ (နီ) မှာ  အိန္ဒိယနိုင်ငံမှဝယ်လိုအားရှိနေပြီး၊ ပဲတီစိမ်းမှာ အရည်အသွေးကောင်းလျှင် ကောင်းသလောက် ဈေးကောင်းရနေပြီး တရုတ်ဝယ်လက်မှ ဝယ်ယူနေသောကြောင့် ဈေးမြင့်လာကြောင်းသိရသည်။ မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၁၀၀၀ မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၁၀၀၀ မှ ၂၁၅၀၀၀၊ ယခင်လ ကျပ် ၂၄၀၀၀၀ မှ ၂၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၄၁၀၀၀ မြင့်တက်လာသည်။

ပဲစင်းငုံ(နီ)  ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၈၀၀၀၀ မှ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀၀၊ ယခင်လ ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ နိမ့်ကျလာပြီး ယခင်လထက် ကျပ် ၅၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၄၅၀၀၀ မှ ၁၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၄၀၀၀၀ မှ ၁၈၀၀၀၀၊ ယခင်လ ကျပ် ၁၂၅၀၀၀ မှ ၁၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၃၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News