Local News

ပဲတောင့်ရှည် (ခေါ်) တိုင်ထောင်ပဲစိုက်ပျိုး ဝင်ငွေတိုး

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် မိသားစုစားသုံးရန်အတွက် စားဖိုဆောင်သီးနှံများကို ရာသီအလိုက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ရာသီသီးနှံဖြစ်သည့် ပဲတောင့်ရှည် (ခေါ်) တိုင်ထောင်ပဲကို စိုက်ပျိုးထားခြင်းဖြစ်ပါသည်။ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲကို ယာကွက်များအတွင်းတွင် မြေကျင်းတူး မြေပေါင်ခတ်၍ အစေ့တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးထားပါသည်။ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲမျိုးစေ့အနေဖြင့် အိတ်ထုတ်ကိုသာ ဝယ်ယူစိုက်ပျိုးထားပါသည်။ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပါသည်။        

ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲစိုက်ပျိုးရာတွင် (၁)ပေပတ်လည် မြေကျင်းတူး၍ နွားချေးနှင့် ဖွဲပြာတို့ကို ရောသမအောင်မွေပြီး တစ်ကျင်းနှင့်တစ်ကျင်းအကြား (၃)ပေခြားစိုက်ပျိုးထားရှိပြီး တစ်ကျင်းလျှင် ပဲစေ့(၃)စေ့စိုက်ပျိုးပါသည်။ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲပင်မှာ စိုက်ပျိုးပြီး (၂)ပတ်အကြာတွင် အညွှန့်(ခေါ်)နှာမောင်းများထွက်ရှိလာသဖြင့် တိုင်ထောင့်ပေးပြီး အညွှန့်(ခေါ်)နှာမောင်းများကို တိုင်နှင့်ကပ်ချည်ပေးရပါသည်။ အညွှန့်(ခေါ်)နှာမောင်းများထွက်ပြီး (၂)ပတ်ကျော်ကြာလျှင် အပွင့်များစတင်ဖွင့်ဖူးကာ အသီးလေးများစတင်သီးလာပါသည်။ အသီးစသီးပြီး (၃/၄)ရက်နေလျှင် ပဲတောင့်ရှည် (ခေါ်) တိုင်ထောင်ပဲများကို စတင်ခူးဆွတ်ရရှိပါသည်။ ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲကို မိသားစုစားယုံ တစ်နိုင်တစ်ပိုင်ဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ (၅၀၀၀)ကျပ်ခန့်သာကုန်ကျပြီး ပဲတောင့်ရှည်(ခေါ်) တိုင်ထောင်ပဲစတင်ခူးဆွတ်ချိန်မှ တစ်ရက်ခြားစီတွင် ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲအတောင့် (၁၀၀/၁၂၀) ခန့်ခူးဆွတ်ရပါသည်။ ခူးဆွတ်ရသည့်အချိန်ကာလမှာ (၁)လကျော်ကြာအောင်ခူးဆွတ်နိုင်ပါသည်။

ပဲတောင့်ရှည်(ခေါ်)တိုင်ထောင်ပဲသီးများ၏ ဈေးနှုန်းဈေးကွက်အနေဖြင့် ဧပြီလတွင် ပဲသီး(၁၀) တောင့်လျှင် (၄၀၀)ကျပ်ဖြင့်ရောင်းချရပြီး ယခုဇွန်လဆန်းပိုင်းတွင်  ပဲသီး(၆/၇)တောင့်ပါ တစ်စည်းလျှင် (၂၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်သည့်အတွက် ယာမြေဧကများသည့် တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News