မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားဖြစ် အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဥယျာဉ်ဇင်ကျေးရွာ၌ ခရမ်းချဉ်သီး စိုက်ဧက ၇ ဧကကျော် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် ခရမ်းချဉ်သီးကို တိုင်ထောင်စနစ်ဖြင့် မြေအောက်ရေကို အသုံးပြုကာ စိုက်ပျိုးခြင်းဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီး ၂ လခွဲအကြာတွင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးထုပ် ၈ ထုပ်ခန့်ကုန်ကျ ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ ရေသွင်းခ၊ လုပ်အားခနှင့် အခြားသွင်း အားစုအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅ သိန်းကျော် ကုန်ကျပြီး တစ်ဧကလျှင် ခရမ်းချဉ်သီးပိဿာချိန် ၇၀၀ ခန့်ထွက်ရှိကြောင်း၊ ဥယျာဉ်ဇင်ကျေးရွာမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများကို မင်းဘူးမြို့သို့ တင်ပို့ရောင်းချပြီး၊ ခရမ်းချဉ်သီးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အကျိုး အမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Source: https://commerce.gov.mm