Local News

ပေါက်ခေါင်းမြို့နယ်၌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဂေါ်ဖီထုပ်များ စိုက်ပျိုးထွက်ရှိပြီး အကျိုးအမြတ်ရရှိ

Last Updated:

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ဂေါ်ဖီထုပ်များ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးပင်ပေါင်း ၈၀၀၀ ခန့်ရှိပြီး ခုတ်ယူသည့် အပင်ပေါင်းမှာလည်း ၈၀၀၀ ခန့်ရှိကြောင်း၊ စိုက်ပျိုးမှုအတွက် ဂေါ်ဖီထုပ် တစ်ဧကလျှင် ငွေကျပ် ၇ သိန်းခန့်ကုန်ကျပြီး ငွေကျပ် သိန်း ၄၀ ခန့်ရရှိသည့်အတွက် အကျိုးအမြတ်အနေဖြင့် ငွေကျပ်သိန်း ၃၀ ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပေါက်ခေါင်းမြို့နယ်မှထွက်ရှိသော ဂေါ်ဖီထုပ်များကို စိုက်ခင်းအထိဆင်း၍ ဝယ်ယူမှုများရှိသကဲ့သို့ နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News