Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ မှ (၂၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၂၅၉၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၃၆၁)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၃၉၅၅) သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှမှ ဇွန်လ (၂၆)ရက်နေ့မှ (၂၉)ရက်နေ့ အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ငရုတ်သီး (၃၁၃.၈၇၂)တန်၊ တန်ဖိုး (၀.၂၃၉၇)ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၆၅.၈)တန်၊ တန်ဖိုး (၀.၁၀၁၁)ဒေါ်လာသန်း၊ ကွမ်းသီးခြောက် (၂၄)တန်၊ တန်ဖိုး (၀.၀၃၆၀) ဒေါ်လာသန်း၊ သိဟိုဠ်စေ့ (၅၇.၆၆၄)တန်၊ တန်ဖိုး(၀.၁၆၁၇)ဒေါ်လာသန်း၊ ငှက်ပျောသီး (၂၅)တန်၊ တန်ဖိုး (၀.၀၀၇၅) ဒေါ်လာသန်း ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၅၂၃.၉၂၄၉)တန်၊ တန်ဖိုး (၀.၇၀၉၈) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၄၅) တန်၊ တန်ဖိုး (၀.၀၁၆၆) ဒေါ်လာသန်း၊ ကျောက်မှုန့် (၂၈၉.၂၄၁) တန်၊ တန်ဖိုး (၀.၀၂၂၈) ဒေါ်လာသန်း ၊ ကြွေပြား (၁၂၀၄၈) M2 ၊ တန်ဖိုး (၀.၀၂၈၂) ဒေါ်လာသန်း၊ ဖိနပ် (၄၈၀၀၀) ရံ၊ တန်ဖိုး (၀.၀၀၅၅) ဒေါ်လာသန်း၊ ကျောက်ပြား (၁၇၇)တန်၊ တန်ဖိုး (၀.၀၃၃၈)ဒေါ်လာသန်း၊  A4 Paper (၄)တန်၊ တန်ဖိုး (၀.၀၂၄၄)ဒေါ်လာသန်း၊ ELECTRIC PAN (၁၂၀၀)U ၊ တန်ဖိုး (၀.၀၀၄၈) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ(၈၇၈.၂၅၁)ဒေါ်လာနှုန်း၊ ပုစွန်(၉၈၇၇.၈၀၀)ဒေါ်လာနှုန်း၊ ကဏန်း (၂၄၁၆.၅၁၀)ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၁.၂၆၃)ဒေါ်လာနှုန်း၊  ငရုတ်သီး (၇၆၄) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၈၀.၃၆) ဒေါ်လာနှုန်း၊  ကွမ်းသီးခြောက် (၁၅၀၀)ဒေါ်လာနှုန်း၊ သိဟိုဠ်စေ့ (၂၈၀၄)ဒေါ်လာနှုန်း၊ ငှက်ပျော်သီး (၃၀၀) ဒေါ်လာ နှုန်း၊ တံမြက်စည်း (၀.၂)ဒေါ်လာနှုန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၆၉) ဒေါ်လာနှုန်း၊ ကျောက်မှုန့် (၇၉) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၄) ဒေါ်လာ နှုန်း၊ ဖိနပ် (၀.၁၁)၄) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၀) ဒေါ်လာနှုန်း၊ ELECTRIC PAN (၄) ဒေါ်လာနှုန်း၊   A4 PAPER (၆၀၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ် အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။ မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၉-၆-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News