Local News

ဘိုကလေးမြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လက ကဏန်းပိဿာချိန် ၅၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လက ကဏန်းပိဿာချိန် ၅၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် ရေထွက် ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်စန်းအေးက ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံများကို ကဏန်းများကို ဝယ်ယူကာ စနစ်တကျသန့်စင်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ဇူလိုင်လက ကဏန်းပိဿာချိန် ၄၂၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ရပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ကဏန်းပိဿာချိန် ၅၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဘိုကလေးမြို့က ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချနေပါတယ်။ ဩဂုတ်လက ရန်ကုန်ဈေးကွက်ကို ကဏန်းပိဿာချိန် ၅၉၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဘက်က ဒေသထွက်ကုန် ကဏန်းတွေ အဝယ်လိုက်နေပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်စန်းအေးက ပြောပြသည်။

ဘိုကလေးမြို့နယ်အတွင်းမှ ရေထွက်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်များက ကဏန်းများကို စနစ်တကျသန့်စင်ပြီး ကတ်ပုံးများဖြင့်ထည့်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ကဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၇၂၀၀၀ မှ ၈၅၀၀၀ ထိ ဈေးပေါက်ခဲ့ကြောင်း၊ အဆိုပါကဏန်းများ အများအပြားတင်ပို့ရောင်းချလာရသည့်အတွက် ကုန်သည်များ၊ ကဏန်းမွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်တင်၊ ကုန်ချ လုပ်သားများ အဆင်ပြေလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News