Local News

မကွေးဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသည့် ကုလားပဲသီးနှံဈေးနှုန်းဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၈၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ကျပ်(၉၄၅၀၀)၊ ကုလားပဲဝါသေးတစ်တင်းလျှင် ငွေကျပ်(၉၀၀၀၀) ပေါက်ဈေးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့ တင်ပို့လျက်ရှိကြောင်းနှင့် ပြည်ပပို့ကုန်အဖြစ် တရုတ်၊ အိန္ဒိယနိုင်ငံများသို့တင်ပို့ကြောင်းသိရသည်။

ဩဂုတ်လ(စတုတ္ထပတ်)ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလ(ပထမပတ်)တွင် ကုလားပဲတစ်တင်းလျှင် ကျပ်(၁၀၀ဝ)မြင့်တက်လာကြောင်း၊ ဩဂုတ်လ(စတုတ္ထပတ်)အတွင်း တင်းပေါင်း(၆၁၂၀)၊ တန်(၂၀၀)အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော်လည်း ယခင်နှစ်တွင်ထွက်ရှိသည့် ကုလားပဲများသာ အရောင်းအဝယ်ဖြစ်သောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှသိရပါသည်။

Source: https://www.doca.gov.mm

Category: Local News