Local News

ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်ကုန်စည်ဒိုင်၌ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲ စသည့်ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲခူးတိုင်းဒေသတွင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့‌ရောင်းချလျက်ရှိကြောင်း သိရသည်။

ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်အနေဖြင့် ဇန်နဝါရီလ၊ စတုတ္ထပတ်တွင် မတ်ပဲ တစ်တင်းလျှင် ၉၇,၀၀၀ ကျပ်ဖြင့် ရန်ကုန်သို့ တစ်ရက်လျှင် အိတ်ရေ ၃၀၀/ ၂၀၀ ခန့်၊ ပဲတီစိမ်း တစ်တင်းလျှင် ၆၈,၀၀၀ - ၆၉,၀၀၀ ကျပ်ဖြင့် မန္တလေးသို့ တစ်ရက်လျှင် အိတ်ရေ ၄၀၀ / ၅၀၀ ခန့်၊ ပဲစင်းငုံတစ် တင်းလျှင် ၁၁၆,၅၀၀-၁၁၇,၀၀၀ ကျပ်ဖြင့် ရန်ကုန်သို့ တစ်ရက်လျှင် အိတ်ရေ ၃၀၀ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း၊ ကုလားပဲ(HL) တစ်တင်းလျှင် ၁၀၀,၀၀၀ - ၁၀၁,၀၀၀ ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းလျှင် ၁၀၀,၀၀၀ ကျပ်ဖြင့် မြို့တွင်းရှိ ပဲခွဲစက်သမားများနှင့် ရန်ကုန်သို့ တစ်ရက်လျှင် အိတ်ရေ ၅၀၀/ ၆၀၀ ခန့်ကိုလည်းကောင်း၊ ပဲကြီး (ကုန်းပဲ) တစ်တင်းလျှင် ၁၂၅,၀၀၀ ကျပ်၊ ပဲကြီး (ရွှေကျွန်း) တစ်တင်းလျှင် ၁၃၀,၀၀၀ ကျပ်ဖြင့် မြို့တွင်းရှိ ပဲကြော်သမားများနှင့် ရန်ကုန်သို့ အိတ်ရေ ၄၀၀ ခန့်ကိုလည်းကောင်း၊ ဘိုကိတ်ပဲ တစ်တင်းလျှင် ၇၅,၀၀၀ ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်သို့ အိတ်‌ရေ ၁၀၀/၁၅၀ ခန့်တင်ပို့၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပြည်ကုန်စည်ဒိုင်၌ ဇန်နဝါရီလ၊ စတုတ္ထပတ်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲတို့မှာ ဈေးနှုန်းကောင်းမွန်လျက်ရှိပြီး ပဲတီစိမ်း၊ ပဲကြီး၊ ဘိုကိတ်ပဲများမှာ ဈေးအေးလျက်ရှိကြောင်း သိရှိရသည်။

Source: DOCA (ပဲခူး)

Source: https://commerce.gov.mm

Category: Local News