Local News

စဥ့်ကိုင်မြို့နယ်တွင် ဆောင်းကုလားပဲများရိတ်သိမ်းလျက်ရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်တွင် စပါးကိုအဓိက ထားစိုက်ပျိုးပြီး မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဆောင်းကုလားပဲများကိုလည်း စိုက်ပျိုးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက ၁၆၃၀၄ ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဆောင်းကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် ရိုးရိုးကုလားပဲမျိုးနှင့် V2 ကုလားပဲအဖြူလုံးကြီးမျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၂၅၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုအချိန်တွင် ဆောင်းကုလားပဲများ ရိတ်သိမ်းလျက်ရှိပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၇-၈ တင်းခန့်ထွက်ရှိကြောင်း၊ ကုလားပဲစျေးနှုန်းအနေဖြင့် ကုလားပဲရိုးရိုး တစ်တင်းလျှင် ၈၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကုလားပဲ V2 တစ်တင်းလျှင် ၈၇,၀၀၀ ကျပ်စျေးနှုန်းဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်နေပြီး အကျိုးအမြတ်အနေဖြင့် ၄၅၀,၀၀၀-၅၀၀,၀၀၀ ကျပ်ခန့် ရရှိကြောင်း၊ ကုလားပဲသီးနှံသည် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

Source: DOCA(မန္တလေး)

Source: https://commerce.gov.mm

Category: Local News