Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၂၀.၀၀ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀ ဒေါ်လာသန်းဖြင့် စုစုပေါင်း ၂၂.၅၀ ဒေါ်လာသန်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၂.၇၄၀ ဒေါ်လာသန်း၊ သွင်းကုန် ၀.၂၆၁ ဒေါ်လာသန်း၊ စုစုပေါင်း ၃.၀၀၂ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၃.၃၄၁% ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ် သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ၁၅၀၀၀ တန်၊ ကြက်သွန်နီ ၂၇၃ တန်၊ ငရုတ်သီး ၁၇၀ တန်၊ ဖရဲသီး ၂၀၀ တန်နှင့် ရွှေဖရုံသီး ၅၃၉ တန် တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၁၁၉.၁၀ တန်၊ လုပ်ငန်းသုံးပစ္စည်း ၄၆၃.၃၀ တန်နှင့် လူသုံးပစ္စည်း ၁၇၈.၈၀ တန် တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Source: (DOT ကံပိုင်တည်)

Source: https://commerce.gov.mm

Category: Local News