ပြည်ဈေးကွက်အတွင်းမှာတော့ မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ၊ အာလူးသီးနှံများမှာ ဒေသတွင်းစိုက်ပျိုးခြင်းမရှိပဲ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်မှ မှာယူရောင်းချရခြင်းဖြစ်ပါသည်။ ပြည်ဈေးကွက်သို့အောင်ပန်းမြို့နယ်မှ အပတ်စဉ်ဝင်ရောက်လျက်ရှိပြီး၊ ဈေးကွက်အတွင်း ဒေသတွင်းလက်လီ၊ လက်ကားဝယ်ယူသူများ၊ ခရိုင်အတွင်း မြို့နယ်များမှ တစ်ဆင့်ပြန်လည်ရောင်းချသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ(ရှမ်းစ)မှာ အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေး၊ (ကြူကုတ်)မှာ အလုံးကြီးသေးရောနှော အချိန် (၁၀)ဝင်အိတ် ၁ အိတ်လျှင် ၁ပိဿာ (၁၃၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး အရွယ်အစားပေါ်လိုက်၍ ၁ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀-၁၈၀၀၀) ကျပ်ဈေးရှိကြောင်းသိရပါသည်။ အာလူးသီးနှံအနေဖြင့် အောင်ပန်းမှဝင်သောရှမ်းအာလူးများမှာအိတ်ဆွဲဝယ်ယူပါက တစ်ပိဿာ လျှင်(၄၀၀၀)ကျပ်၊ တောင်တွင်းမှအဝင်ရှိသောအာလူးများမှာ အိတ်ဆွဲဝယ်ယူလျှင် တစ်ပိဿာ(၃၀၀၀)ဈေး၊ အမျိုးအစားမခွဲပဲ အရွယ်အစားပေါ်မူတည်ပြီး တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀-၆၀၀၀)ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။
Source: DOCA(ပဲခူး)
Source: https://www.doca.gov.mm