Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေး ပြည်ပအဝယ်အေးဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင် မေလပထမပတ်အတွင်း သဲတော၊ ဝမ်းတွင်း၊ ကူမဲ၊ ကျောက်ဆည်၊ ကန့်ဘလူ၊ တန့်ဆည်တို့ဘက်မှ ကုလားပဲအသစ်များ ဝင်ရောက်လျှက်ရှိပြီး၊ အရောင်းအဝယ်အေး ဈေးအေးနေကြောင်း သိရသည်။ စက်ပိုင်များမှ ပုံမှန်ဝယ်ယူလျက်ရှိသော်လည်း ပြည်ပတင်ပို့မှု အေး၍ ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ကုလားပဲဖြူကြီး (V-2) ၅၇.၂၅ပိဿာဝင် တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ်၂၄၃၀၀၀ မှ ၂၄၅၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၄၈၀၀၀ မှ ၂၅၀၀၀၀၊ ယခင်လကျပ်၂၄၀၀၀၀ မှ ၂၄၂၀၀၀ ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၇၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၁၀၀၀ မှ ၅၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူကြီး(V-7) ၅၇.၂၅ ပိဿာဝင် တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ်၂၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၅၅၀၀၀ မှ ၂၇၀၀၀၀၊ ယခင်လ ကျပ်၂၄၆၀၀၀ မှ ၂၄၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀မှ ၂၀၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ်၂၀၀၀ မှ ၄၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင် တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၂၅၀၀၀ မှ ၂၂၈၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၃၃၀၀၀၊ ယခင်လကျပ်၂၂၃၀၀၀ မှ ၂၂၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက်ကျပ် ၈၀၀၀ မှ ၉၅၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ်၂၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ပိဿာဝင် တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ်၂၃၃၀၀၀ မှ ၂၃၅၀၀၀၊ ယခင်တစ်ပတ်တွင်ကျပ်၂၃၈၀၀၀ မှ ၂၄၀၀၀၀၊ ယခင်လတွင် ကျပ်၂၃၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ်၅၀၀၀၊ ယခင်လထက် ကျပ်၂၀၀၀ ဈေးနိမ့်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                          

Category: Local News