International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီးများကို တရုတ်နိုင်ငံက ဝယ်ယူမည်

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး Yao Wen သည် ဘင်္ဂလားဒေ့ရှ် လယ်ယာစိုက်ပျိုးရေးဝန်ကြီး Dr Md Abdus Shahid နှင့် ဧပြီလ ၂၉ ရက်နေ့၌ တွေ့ဆုံရာတွင် တရုတ်နိုင်ငံအနေဖြင့် ၂ဝ၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထံမှ သရက်သီးများကို တင်သွင်းသွားလိုကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှေ့လာမည့် ဇွန်လ ပထမပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်၍ သရက်ခြံများနှင့် သရက်သီး ပြုပြင်ထုတ် လုပ်သည့်နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသွားမည်ပြီး အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာအပေါ်အခြေခံ၍ ဘင်္ဂလားဒေ့ရှ်အစိုးရက သရက်သီးတင်ပို့မှုများကို ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုလယ်ယာစိုက်ပျိုးရေးကို ဖော်ဆောင်ရန်အတွက် ခေတ်မီနည်းပညာအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ အထူးသဖြင့် ပြည်တွင်းရှိ လယ်သမားများသည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်လျက်ရှိကြောင်း၊ သို့မှသာ ၎င်းတို့အနေဖြင့် ဈေးနှုန်းချိုသာသော ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို ဝယ်ယူနိုင်မည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ခေတ်မီလယ်ယာသုံးစက်ပစ္စည်းများကို သက်သာလျော့နည်းသောဈေးနှုန်းဖြင့် ဝယ်ယူလိုကြောင်းဖြင့် ဝန်ကြီး Dr Md Abdus Shahid က ပြောကြားခဲ့ပါသည်။

Source: The Financial Express, 29 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News