Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

     ဇွန်လပထမအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန် နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေး နှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

    ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက် ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၀၀-၁၈၀၀) ကျပ်၊ (သေး) (၁၅၀၀-၁၄၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မှုတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၆၀၀- ၂၅၀၀)ကျပ်၊ (လတ်) (၂၃၀၀-၂၁၀၀)ကျပ်၊ (သေး) (၁၉၀၀-၁၆၀၀) ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၇၅၀၀-၈၀၀၀)ကျပ်၊ (ရှမ်းစ) (၆၀၀၀-၇၀၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀-၆၅၀၀) ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၈၀၀၀-၈၅၀၀)ကျပ်၊ (ရှမ်းစ) (၆၅၀၀-၇၅၀၀)ကျပ်၊ ကြူကုတ်(၆၀၀၀-၇၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး အသီးသီး အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News