Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မေလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၃၅.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃၇.၀၀၀) ဒေါ်လာ သန်းဖြစ်ပြီး မေလ (၃၁) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂၈.၆၁၃) ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၇၂၉)ဒေါ်လာသန်း၊ စုစုပေါင်း (၄၀.၃၄၁) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၀၉.၀၃၀%)ဆောင်ရွက်နိုင်ခဲ့ပါသည်။2024-2025 ဘဏ္ဍာနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ပို့ကုန် (၁.၁၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၃၉၇) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဇွန်လ (၁) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ နှမ်း၊ မြေပဲ၊ ပဲယင်း၊ ပဲကြီး၊ ပဲနီကြား၊ ထောပတ်ပဲ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ပဲတောင့်ရှည်၊ စွန်တာနီ၊ ဖရဲသီး၊ ငရုတ်သီး၊ ငရုတ်ခြောက်၊ သရက်ပြားချောက်၊ မကျည်းသီး(အစေ့ပါ)၊ ကွမ်းသီးအစို၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီစေ့၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ လောင်စာတောင့်နှင့် ALUMINIUM SCRAP တို့တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများ၊ စက်သုံးဆီများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၂၃၁၈) တန်၊ တန်ဖိုး (၀.၈၀၆) ဒေါ်လာသန်း၊ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပဲယင်းတန်ချိန် (၄၅၉)တန်၊ တန်ဖိုး (၀.၃၁၁) ဒေါ်လာသန်း၊ ပဲကြီးတန်ချိန် (၃၆၆.၂)တန်၊ တန်ဖိုး (၀.၃၃၂) ဒေါ်လာသန်း၊ ပဲနီကြားတန်ချိန် (၁၃၆)တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်း၊နိုင်လွန်ပဲတန်ချိန် (၁၀၁)တန်၊ တန်ဖိုး (၀.၀၇၇) ဒေါ်လာသန်း၊ ထောပတ်ပဲတန်ချိန် (၆၁၃.၆)တန်၊ တန်ဖိုး (၀.၆၀၇) ဒေါ်လာသန်း၊ မြေထောက်ပဲတန်ချိန် (၃၃.၀၄)တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ ပဲတီစိမ်းတန်ချိန် (၁၃၅.၈)တန်၊ တန်ဖိုး (၀.၁၀၆) ဒေါ်လာသန်း၊ မြေပဲတန်ချိန် (၃၉.၉၉)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ ပဲလွန်း တန်ချိန် (၃၄)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၇၀.၉) တန်၊ တန်ဖိုး(၀.၁၄၂)ဒေါ်လာ သန်း၊ ငရုတ်ခြောက် တန်ချိန် (၁၇၇)တန်၊ တန်ဖိုး (၀.၂၆၂) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၃၄၂) တန်၊ တန်ဖိုး (၀.၁၂၅) ဒေါ်လာသန်း၊ သရက်ပြားချောက် တန်ချိန် (၁၀၂) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းနှင့် မကျည်းသီး(အစေ့ပါ)တန်ချိန် (၈၃.၅) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များ၊ စက်သုံးဆီနှင့် CMP အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၀၆.၄၉) တန်၊ တန်ဖိုး (၀.၁၈၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (6၁.၀၀၀) တန်၊ တန်ဖိုး (၁.၆၉၈) ဒေါ်လာသန်းနှင့် လူသုံး ကုန်ပစ္စည်း တန်ချိန် (၅၁၁.၅၀၀) တန်၊ တန်ဖိုး (၀.၂၉၄) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု လွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News