Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့် (၁) တန်လျှင် (၉၀၁) ဒေါ်လာနှုန်းဖြင့် (၅၅၃.၅၅) တန်၊ တန်ဖိုး (၀.၄၉၉) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့်လည်းကောင်း ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံတော်သို့တင်ပို့နိုင်ခဲ့ပြီး ရော်ဘာ (၁) တန်လျှင် (၁၄၇၀) ဒေါ်လာနှုန်းဖြင့် (၁၅၁၂) တန်၊ တန်ဖိုး (၂.၂၂၃) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့တင်ပို့နိုင်ခဲ့ပြီး  စုစုပေါင်း ပို့ကုန်တန်ဖိုး (၂.၇၃၅) ဒေါ်လာသန်းအား တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ် ရေးစခန်းအထိကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၇၉) ဒေါ်လာနှုန်းဖြင့် (၁၁၀၀) တန်၊ တန်ဖိုး (၀.၉၆၇) ဒေါ်လာသန်း၊ ဓာတ်ဆီ  (၁) တန်လျှင် (၉၅၆) ဒေါ်လာနှုန်းဖြင့် (၁၅၀) တန်၊ တန်ဖိုး (၀.၁၄၃) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၄၃၅.၄၆) တန်၊ တန်ဖိုး(၀.၁၈၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၉၀)တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး(၁.၃၃၄)ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ(၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၂၁.၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News